၅ - ၆- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၂၃)၌ ကလေးများအနေဖြင့် ဂဏန်းသင်္ချာများကို တွက်ချက်ရာ၌ စက်ပစ္စည်း အကူအညီမယူဘဲ မိမိဘာသာတွက်ချက်သင့်ပုံအကြောင်းကို တင်ဆက်ထားသည့် “ဂဏန်းပေါင်းစက်နှင့် ဘိုဘို” မျက်နှာဖုံး ဇာတ်လမ်း၊ မိမိပေးသော အကူအညီသည် သူတစ်ပါးအတွက် အကျိုးရှိသောအရာ ဖြစ်သင့်ပုံ အကြောင်းကို ပညာပေးတင်ဆက်ထားသည့် “ဆုတောင်းမေ” နှစ်မျက်နှာကာတွန်း၊ ရွှေဖဲနှင့် သွေးသောက်ညီအစ်ကို ဖွဲ့မိသော ဖိုးလုံးအကြောင်းကို တင်ဆက်ထားသည့် “ရွှေဖဲ” နှစ်မျက်နှာကာတွန်း၊ ရန်ပိုင်စိုးနှင့် ဦးအောတို့ တူဝရီးနှစ်ယောက်အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ဖိုးသန့်လေးနှင့် ရန်နိုင်မင်းတို့သူငယ်ချင်းနှစ်ယောက်၏ ကလေးအတွေးဖြင့် အကြံပေးစကားပြောကြားပုံကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖိုးသန့်လေး” နှစ်မျက်နှာကာတွန်း၊ ပညာတန်ဖိုးနှင့် ပတ်သက်၍ ရှင်းပြနေသော ပုပုအဖေ၏ အဖြစ်အပျက်ကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ငါ့မြေး” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်အောင် သစ်ပင်များ စိုက်ပျိုးသင့်ပုံအကြောင်းကို နှိုးဆော်ရေးဖွဲ့ထားသည့် ဆရာဝင်းထွဋ်ဦး၏ “သစ်ပင်စိုက်ဖို့ ပျိုးပင်လေးတွေ ရှာဖွေကြပါစို့” သုတ ဆောင်းပါးနှင့် ပန်ကာလေဖြင့် အိပ်စက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သတိပြု လိုက်နာဖွယ် တင်ဆက်ထားသည့် “ပန်ကာလေဖြင့် အိပ်စက်သင့်သလား” သုတဆောင်းပါးတို့ကို တင်ဆက်ထားပါသည်။ ကလေးတို့၏ ဉာဏ်စွမ်းဖြင့် ပေးထားသောပစ္စည်းများကို ရုပ်ပုံထဲ၌ ရှာဖွေနိုင်မည့် “မြုပ်နေတဲ့ ပစ္စည်းလေးများကို ရှာကြည့်ကြပါဦး” ဉာဏ်စမ်းနှင့် ကလေးများ ပေးပို့သော ကာတွန်းများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍအပါအဝင် လောက၌ သူတစ်ပါး၏ ကျေးဇူးကို အခွင့်အခါသင့်သည့် အချိန်တွင် ပြန်ဆပ်သင့်ပုံ အကြောင်းကို တင်ဆက်ထားသည့် “တုံ့ပြန်စေတနာ” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ငယ်စဉ်ကစ၍ ပညာကို တန်ဖိုးထားသင်ယူသင့်ပုံအကြောင်းကို ရေးဖွဲ့ စပ်ဆိုထားသည့် “ဘဝလမ်းညွှန်” ကဗျာကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နာမ်ရှေ့တွဲသုံး စကားလုံးများ (determiner) အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ