“ဇော်လွင်ဦး (ဟင်္သာတ)” ရေးသားသည့် “တစ်ချိန်တစ်ခါဆီက စံပြကြက်ခြေနီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ဇော်လွင်ဦး (ဟင်္သာတ)” ရေးသားသည့် “တစ်ချိန်တစ်ခါဆီက စံပြကြက်ခြေနီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။ အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ၊ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။ “တစ်ချိန်တစ်ခါဆီက စံပြကြက်ခြေနီ” စာအုပ်တွင် ကြက်ခြေနီအပါအဝင် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပိုမိုအားကောင်းလာခြင်းသည် နိုင်ငံတော်၏ Stakeholder အားကောင်းခြင်းပင် ဖြစ်သဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးကို အထောက်အကူပြုခြင်းပင် ဖြစ်ပါသည်။ ဘက်စုံထူးချွန် (လူရည်ချွန်) ရွေးချယ်မှုပြုခြင်းများ၊ ကင်းထောက်အသင်း ပြန်လည် ဖွဲ့စည်းခြင်းများသည် လူငယ်တို့၏ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးရေးအတွင်း များစွာအရေးပါသော လုပ်ငန်းများ ဖြစ်ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့အစည်း၏ လုပ်ဆောင်ချက်များနှင့် မြန်မာ နိုင်ငံကြက်ခြေနီသမိုင်းတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ပုံများကို သုတရသစုံလင်စွာ ရေးသားခဲ့ သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ အဆိုပါစာအုပ်ကို တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အကြံပြုစာ/တိုင်ကြားစာ