၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂  ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) -အပိုင်း (၂)  နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အမိန့်ကြော်ငြာစာ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်အမှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊

အပိုင်း (၂) တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ငွေတိုက်ဦးစီးဌာန အမိန့်ကြော်ငြာစာ၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာ၊

အပိုင်း (၄) တွင် အရည်အသွေးပြည့်ဝသော ကျောက်စိမ်းများ ကျောက်မျက် ကုမ္ပဏီလီမိတက် (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ ရန်ကုန် ဆန်းဗယ်လီ ကုမ္ပဏီလီမိတက် (Yangon Sun Valley Co., Ltd) စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အပြီးသတ် အစည်းအဝေးဖိတ်ကြားခြင်း၊ APOGEE COMPANY LIMITED အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ NOTICE OF FINAL MEETING  In the matter of the Myanmar Companies Law and  MYANMAR PETRONAS TRADING COMPANY LIMITED၊ ပုဂံအိမ် ယွန်းထည် ကုမ္ပဏီလီမိတက် (Bagan House Lacquerware Company Limited)  (In Voluntary Liquidation)  [Notice Under Section - 357 A] အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ဒရပ်ဂွမ် ဂိတ် (မြန်မာ) ကုမ္ပဏီလီမိတက် [DRAGON GATE (MYANMAR) COMPANY LIMITED] အား အပြီးသတ် ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အဆင့်မြင့် နည်းပညာဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Elite Tech Online Services Company Limited) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အပြီးသတ် စာရင်းရှင်လင်းဖျက်သိမ်းခြင်း၊ ဂိုးလ်ဒင်း ဂျိုင်းရင့် ဒရက်ဂွန် ကုမ္ပဏီလီမိတက် (Golden Giant Dragon Company Limited) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ - ၃၄၈ အရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းကြောင်းကြေညာခြင်း၊ KYERYONG DEVELOPMENT MYANMAR COMPANY LIMITED မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ - ၃၅၇ အရ အပြီးသတ် စာရင်းရှင်းလင်း ဖျက်သိမ်းသည့် နောက်ဆုံးအထွေထွေအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ LUCKY STONE TRADING SERVICES CO., LTD အစုရှယ်ယာရှင်များ၏   ဆန္ဒအရ ဖျက်သိမ်းဆဲကုမ္ပဏီ နောက်ဆုံး အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ KIPLING GLOBAL HOSPITALITY GROUP LIMITED  Notice Under Section - 206(1) of the Myanmar Companies Act (In Voluntary Liquidation)၊ In the Matter of the Myanmar Companies Law and  ZHONG MIAN DOUBLE DRAGON FRIENDSHIP CO., LTD  (In Members’ Voluntary Liquidation) တို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ်  ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

အကြံပြုစာ/တိုင်ကြားစာ