၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွက် အသင်းပေးစာအုပ်အဖြစ် “မောင်နေခြည် (ပြည်)” ရေးသားသည့် “ထပ်တူကျသောနှလုံးသားများနှင့် အခြားဝတ္ထုတိုများ” စာအုပ် ဖြန့်ချိ

စာဖတ်ပရိသတ် တိုးပွားရန်နှင့် စာဖတ်သူများ အဖိုးနှုန်း ချိုသာစွာ ဖတ်ရှုနိုင်ရန် ရည်ရွယ်လျက် ၁၉၆၄ ခုနှစ်မှ စတင်တည်ထောင်လာခဲ့သည့် စာပေဗိမာန် စာအုပ်အသင်းသည် စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူစာပေဆု ပြိုင်ပွဲများမှ ဆုရစာမူများကို ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေပြီး အသင်းဝင်များ သို့ လစဉ်တစ်အုပ်စီ ဖြန့်ချိပေးပို့လျက် ရှိပါသည်။

ယခု ၂ဝ၂၀ ပြည့်နှစ် နိုဝင်ဘာလအတွက် အသင်းပေးစာအုပ်အဖြစ် “မောင်နေခြည် (ပြည်)” ရေးသားသည့် “ထပ်တူကျသောနှလုံးသားများနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ စာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဝတ္ထုတိုပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ဤစာအုပ်ကို တန်ဖိုး ၁၂၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး အသင်းဝင်များအတွက်မူ အသင်းဝင်သက်တမ်းအလိုက် သတ်မှတ်ထားရှိသည့် လျှော့နှုန်းအတိုင်း ခံစားခွင့်ရရှိမည် ဖြစ်သည်။

ရန်ကုန်မြို့မှ အသင်းဝင်များအနေဖြင့် စာပေဗိမာန်ရုံးသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် လွှဲစာဖြင့် လာရောက်ထုတ်ယူကြရန်ဖြစ်ပြီး နယ်မှ အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်နှင့် မြို့နယ်ရုံးများမှတစ်ဆင့် ဖြန့်ချိပေးလျက် ရှိပါသည်။

စာပေဗိမာန်စာအုပ်အသင်းသို့ အသင်းဝင်အဖြစ် ဝင်ရောက်လိုပါက နယ်မှ ဝင်ရောက်လိုသူများသည် အသင်းကြေး ကြိုတင်ငွေ အနည်းဆုံး ၃ဝဝဝ ကျပ်ကို အတွင်းရေးမှူး၊ စာပေဗိမာန် စာအုပ်အသင်း၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့သို့ ငွေပို့လွှာနှင့် နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ပူးတွဲပေးပို့၍လည်းကောင်း၊ ရန်ကုန်မြို့မှ အသင်းဝင်လိုသူများသည် အဆိုပါ လိပ်စာသို့ ကိုယ်တိုင်လာရောက် ဆက်သွယ်ပြီး အသင်းကြေး ကြိုတင်ငွေ အနည်းဆုံး ကျပ် ၃ဝဝဝ နှင့် နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ပူးတွဲလျက် ပေးသွင်း၍လည်းကောင်း ဝင်ရောက်နိုင်ပါသည်။

စာပေဗိမာန် စာအုပ်အသင်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၁-၈၂၄၉ဝ၃၁ နှင့် ဝ၁-၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

အကြံပြုစာ/တိုင်ကြားစာ