စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ကလေးစာပေ ပထမဆုရရှိသည့် စာရေးသူ စစ်တွေညိုသန့်၏ ‘သားသမီးအလိမ္မာ ကလေး ကဗျာများ¬¬’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင်  ကဗျာပုဒ်ရေ (၈၀) ပါဝင်သည်။  ကလေးငယ်လေးများ မိဘ ဆရာသမားကို ရိုသေကိုင်းရှိုင်းမှုရှိစေရေး၊ ရပ်ဓလေ့ရွာဓလေ့ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်များကို ထိန်းသိမ်း ချစ်ခင်လိုစိတ်ပေါ်ပေါက်လာစေရေး၊ မိမိတို့နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို ခင်တွယ်လာရေး၊ ကျောင်းနေပျော်၍ စာတော်သော လူငယ်များ ဖြစ်လာစေရေး၊ စာရေးစာဖတ်ဝါသနာပါ၍ ဗဟုသုတ များ ပြည့်စုံလာစေရေးတို့အတွက် ကလေးတို့ နားလည်လွယ်သော စကားလုံးအသုံးအနှုန်းတို့နှင့် အသံသာယာစွာ သီကျူးနိုင်အောင် နူးညံ့သိမ်မွေ့စွာ ဖွဲ့ဆိုထားသော ကလေးကဗျာစာအုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၅၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ