စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ မှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ အတွဲ (၅၃)၊ အမှတ် (၇) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “မျိုးဆက်သစ်တို့အတွက် အစိမ်းရောင်အမွေအနှစ်” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် မျိုးဆက်သစ်တို့အတွက် အစိမ်းရောင်အမွေအနှစ်၊ အစိမ်းရောင် အမွေအနှစ် တို့ချန်ရစ်၊ မျိုးဆက်သစ်တို့ ကမ္ဘာတည်တံ့ဖို့ သစ်ပင်စိုက်ကြပါစို့၊ လူငယ်ရေးရာကဏ္ဍတွင် ရတနာမြေမှသည် ငြိမ်းချမ်းသော အနာဂတ်ဆီသို့၊ ကြက်ခြေနီအသင်း ဖခင်ကြီး၊ စိတ်ကောင်းရှိဖို့ ပထမ၊ မွေးရာပါ စွမ်းဆောင်နိုင်စွမ်း၊ ဧည့်စိမ်း၊ သေးသွယ်လှပလွန်းသူလေး၊ အစကောင်း၍…အနှောင်းမှာလည်း သေချာခဲ့လေသူ၊ ကဗျာကဏ္ဍတွင် ကိုယ့်အရှင်မ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ဆေးထိုးပြွန်ထဲက နတ်ရေစင်၊ တရုတ်နိုင်ငံ၏ စွမ်းအင်နည်းပညာ ချဲ့ထွင်မှု၊ လူတိုင်းသိရှိထားသင့်သည့် အသက်ကယ် နည်းစနစ်- CPR၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် လမင်းပမာ အလင်းဖြာနိုင်စေမည့် ရေအားလျှပ်စစ်၊ အသံညစ်ညမ်းခြင်း၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အစိမ်းရောင်စီးပွားရေးကို တိုးတက်စေခြင်း သို့မဟုတ် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း၊ မသန်စွမ်းသူများဆိုင်ရာကဏ္ဍတွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဝိုင်းဝန်းဆောင်ရွက်ပေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၉၁)၊ အီဘိုလာဗိုင်းရပ်စ် (Ebola Virus) အကြောင်း သိကောင်းစရာ၊ အရိုးကျိုးခြင်း၊ ဝတ္ထုတိုကဏ္ဍတွင် အမာရွတ်နဲ့လူ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အပန်းဖြေခရီးထွက်ခဲ့ပေမဲ့၊ ပင်လယ်ပြာနှင့် ကျွန်တော်၊ အထွေထွေကဏ္ဍတွင် ယနေ့၊ မနက်ဖြန်များအတွက်၊ လူ့ခန္ဓာကိုယ်အတွင်းရှိ မိုက်ခရိုပလတ်စတစ်နှင့် သံသယများ၊ စိတ်ဝင်စားစရာ ကော်ဖီကမ္ဘာ၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ