စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ အတွဲ (၅၃)၊ အမှတ် (၆) ကို             ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “မီးခိုးမြူများအောက်က မြို့ပြပြဿနာနှင့် ဂေဟစနစ်ပျက်စီးမှု” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ပျောက်ကွယ်နေသော ကောင်းကင်ပြာနှင့် မှိုင်းဝေနေသော မြို့ပြများ၊ မီးခိုးမြူများအောက်က မြို့ပြပြဿနာနှင့် ဂေဟစနစ်ပျက်စီးနေမှု၊ လူငယ်ရေးရာကဏ္ဍတွင် ဘွဲ့လက်မှတ် ထက် အရေးကြီးတဲ့ ဘဝအတွက် ဗလငါးတန်၊ ၁၀ နှစ်လုံးလုံး ခရီးသွားနေသူ၊ တည်နိုင်သမျှ တည်ကြပါစေချင်၊ တစ်နေ့တာကို ဘယ်လို စတင်မှာလဲ၊ ကားမှတ်တိုင်လေးမှတစ်ဆင့်၊ ပန်းချီ အနုပညာ၊ အနာဂတ်တာဝန်၊ ပညာပန်းများ ပွင့်လန်းရေး မိဘ၊ ဆရာ ပူးပေါင်းပေး၊ ၂၁ ရာစုရဲ့ အင်အားအကောင်းဆုံးလက်နက်၊ ကဗျာကဏ္ဍတွင် ခရီးရှေ့ဆက် ချီတက်မည်၊ တွဲလက်ခိုင်စို့၊ လက်ချင်း ယှက်လို့ ညီညွတ်စို့၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာကဏ္ဍတွင် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် EU ဆိုက်ဘာလုံခြုံရေးအက်ဥပဒေ၊ ဂရပ်ဖစ် မှော်ဆရာ၊ ဆိုက်ဘေးရီးယား၊ ရေနံ၊ ကရင်မလင်နှင့် ပြည်သူ့ဘဝ၊ ကမ္ဘာ့အကြီးဆုံး လေယာဉ်သင်္ချိုင်းကြီး၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ထူးခြားစွမ်းအင်ရှိ ပုစွန်များ၊ ကမ္ဘာပေါ်ရှိ အတိုဆုံးသောမြစ်များ၊ ပြောင်းလဲလာသော ရာသီဉတုနှင့်အညီ စားနပ်ရိက္ခာများ ထုတ်လုပ်ရေး၊  ကလေးအလုပ်သမားဆိုင်ရာ ကဏ္ဍတွင် ကလေးလုပ်သား ပပျောက်ရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၉၀)၊ မြေတုပ်ကွေးရောဂါ (Melioidosis)၊ ဆံပင်ထူထူ လှချင်သူများအတွက်၊ ဝတ္ထုတိုကဏ္ဍတွင် အက်စပန် ပေးစာများ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သူတို့ထိုက်နဲ့ သူတို့ကံ၊ အထွေထွေကဏ္ဍတွင် မေတ္တာ၊ ကရုဏာတရားဖြင့် ဘိုးဘွားများကို စောင့်ရှောက်ကြပါစို့၊ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်များပေါ်တွင် စက်ဘီးစီးခြင်း၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊  ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ