ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ စာပဒေသာ တတိယဆုရရှိသည့် စာရေးသူ ဒေါက်တာကောင်းစံ၏ ‘အတွေ့အကြုံအဖုံဖုံ၊ စစ်မြေပြင်ဆေးမှူးဘဝ မှတ်တမ်းစုံစာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် စာရေးသူသည် တပ်မတော်သား ဆရာဝန်ဆေးမှူးအဖြစ် ဒေသအနှံ့ သွားလာလှုပ်ရှားရင်း ပြည်သူတို့၏ဘဝ၊ တိုင်းရင်းသားတို့၏ဘဝ၊ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများ၊ ရှေ့တန်းစစ်ဆင်ရေးများတွင် စစ်မြေပြင်ဘေး အကာအကွယ်ပေးတာဝန်များ ထမ်းဆောင်ခဲ့စဉ် ရရှိ ခဲ့သော အတွေ့အကြုံများကို စိတ်ဝင်စားဖွယ် ရေးသားထားသည်။
တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုသာမက နိုင်ငံအနှံ့ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို နေရာမရွေး၊ အချိန်မရွေး လူမျိုးဘာသာမခွဲခြားဘဲ ဆေးဝန်ထမ်းတပ်ဖွဲ့၏ “ဒို့လမ်းစဉ်” ဖြစ်သည့် ‘စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ’ ဆိုသော ဆောင်ပုဒ်နှင့်အညီ ဆေးဝါးကုသစောင့်ရှောက်ခဲ့ပုံများကို ကိုယ်တွေ့ဖြစ်ရပ် များနှင့် ပေါင်းစပ်၍ စိတ်ဝင်စားဖွယ် ရေးသားထားသော စာအုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။