ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု ဝတ္ထုရှည်၊ ဒုတိယဆုရရှိသည့် စာရေးဆရာ ချစ်ညွန့်ကျော်၏ “ကွယ်လေးရဲ့မောင့်ခြုံထည် တန်းသွယ်လို့မိုး” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် အဓိကဇာတ်ကောင်ဖြစ်သည့် အောင်ဇော်သည် စာပေကို မြတ်နိုးလေးစား တန်ဖိုးထားသော အယ်ဒီတာတစ်ဦးဖြစ်သည်။ မဂ္ဂဇင်းတိုက်တစ်တိုက်တွင် အလုပ်လုပ်နေရင်း စာပေ ဂုဏ်သိက္ခာထက် ငွေကြေးအကျိုးအမြတ်ကို အဓိကထားသော ထုတ်ဝေသူ သူဌေးနှင့် အဆင်မပြေ ဖြစ်ကာ အလုပ်ထွက်ခဲ့ပြီး အငှားယာဉ်တက္ကစီမောင်း၍ မိခင်အိုကြီးကို ပြုစုလုပ်ကျွေးနေသည်။ သူ့ နှလုံးသားထဲသို့ မသိမသာတိုးဝင်လာသော မိန်းကလေးနှစ်ဦးမှာ သူ့ကားကို အမြဲငှားစီးသော ကာရာအိုကေမယ် မြစံပယ်နှင့် သူ့အိမ်အနီးအပါးက သူ့မိခင်ကို ဂရုစိုက်သော ခင်ဝေဆိုသည့် မိန်းကလေးတို့ဖြစ်သည်။ နှစ်ဦးစလုံးက သူ့အပေါ် သံယောဇဉ် ငြိတွယ်နေပြီး နှစ်ဦးစလုံးက ကရုဏာ သက်စရာ ဘဝနာကြသူများဖြစ်သည်။ နောက်ဆုံးတွင် သူ့မိခင် လိုလားသော ခင်ဝေကိုသာ ဘဝလက်တွဲဖော်အဖြစ် သူရွေးချယ်ခဲ့ပုံကို ရေးဖွဲ့ထားသည်။
စာရေးသူသည် တက္ကစီသမားတစ်ယောက် နေ့စဉ်ရင်ဆိုင်ဖြတ်သန်းရသော အတွေ့အကြုံ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို အသေးစိတ်ရေးဖွဲ့ထားသည့်အပြင် ဘဝတွင် အခက်အခဲ မည်သို့ပင် ရှိပါစေ ဖြတ်လမ်းမလိုက်ဘဲ ဘဝခရီးကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ သိက္ခာရှိရှိ လျှောက်လှမ်း သောကြောင့် နောက်ဆုံးရလဒ်သည် စာဖတ်သူ၏စိတ်နှင့် တစ်ထပ်တည်းကျအောင် ရေးဖွဲ့ထား နိုင်သော ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၅၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။