ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊ ကျမ်းစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ ခင်ဧ (စက်မှု)၏ ‘ခေတ်ဟောင်းမြန်မာ့တေးဂီတ အနုပညာဖြင့် တိုင်းပြည်ကို အလှဆင်ခဲ့ကြသူများ’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။ 

ယင်းစာအုပ်၌ သမိုင်းအစဉ်အလာ ခေတ်ဟောင်းမြန်မာ့တေးဂီတ အနုပညာနယ်ပယ်တွင် ကျင်လည်လှုပ်ရှား ရေပန်းစား လူသိများခဲ့ကြသော တေးဂီတအနုပညာရှင် (၅၅) ဦးတို့၏ ကိုယ်ရေးအကျဉ်း၊ အနုပညာစွမ်းရည်များကို အကိုးအကား အထောက်အထား (၁၉) စောင်ထဲမှ ရှာဖွေစုစည်းပြုစုထားခြင်း ဖြစ်သည်။ မျိုးဆက်သစ်များအနေဖြင့်လည်း လေ့လာဆည်းပူး စံပြုနည်း ယူစရာများ၊ မှတ်သားအားကျလိုက်နာကျင့်သုံးဖွယ်ရာများလည်း ပါရှိသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ