စာပေဗိမာန်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ပို့ချခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် စာပေဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းပို့ချခြင်းကို ၂၄-၂-၂၀၂၆ (အင်္ဂါ) နေ့တွင် ကျင်းပခဲ့ပါသည်။

သင်တန်းပို့ချခြင်းကို နံနက်ပိုင်းအစီအစဉ်နှင့် နေ့လယ်ပိုင်းအစီအစဉ်ဟူ၍ နှစ်ပိုင်းခွဲကာ ကျင်းပပို့ချခဲ့ပါသည်။ နံနက်ပိုင်းအစီအစဉ်တွင် ဆရာဦးမောင်လှိုင် (စာပေဗိမာန် စာတည်းမှူးချုပ်-ငြိမ်း) က “ဘာသာပြန်ဆိုခြင်းနှင့် မှားလေ့မှားထရှိသော အမှားများ” ခေါင်းစဉ်ဖြင့် သင်ကြားပို့ချခဲ့ပါသည်။ နေ့လယ်ပိုင်းအစီအစဉ်တွင် ဆရာ Sa Samuel (Director, Communications Department – CPM) က “ခေတ်မီလုပ်ငန်းခွင်တွင် AI နည်းပညာကို အသုံးချခြင်း” ခေါင်းစဉ်ဖြင့် ပို့ချခဲ့သည်။    

1-407
 

3-175

4-102

အကြံပြုစာ/တိုင်ကြားစာ