စာပေဗိမာန်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ပို့ချခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် စာပေဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းပို့ချခြင်းကို ၂၃-၂-၂၀၂၆ (တနင်္လာ) နေ့တွင် ကျင်းပခဲ့ ပါသည်။

သင်တန်းပို့ချခြင်းကို နံနက်ပိုင်း အစီအစဉ်နှင့် နေ့လယ်ပိုင်း အစီအစဉ်ဟူ၍ နှစ်ပိုင်းခွဲကာ ကျင်းပပို့ချခဲ့ပါသည်။ နံနက်ပိုင်း အစီအစဉ်တွင် ဆရာကြည်ရွှန်း (Wisdom House စာပေတိုက်) က ‘ဘာသာပြန်ဆိုခြင်း အတတ်ပညာနှင့် နည်းလမ်းများ’ ခေါင်းစဉ်ဖြင့် သင်ကြားပို့ချခဲ့ပါသည်။ နေ့လယ်ပိုင်း အစီအစဉ်တွင် ဆရာအေးကျော်မင်း (မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူ များအသင်း) က ‘မြန်မာသတ်ပုံများနှင့် ယနေ့ခေတ် အလွဲများ’ ခေါင်းစဉ်ဖြင့် ပို့ချခဲ့သည်။

01-39
 

02-45

အကြံပြုစာ/တိုင်ကြားစာ