စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆု ရရှိသည့် စာရေးသူ ညိမ်းညို၏ “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆု ရရှိသည့် စာရေးသူ     ညိမ်းညို၏ “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင်  ဝတ္ထုတို (၁၄)ပုဒ် ပါဝင်သည်။ အကြောင်းရပ်နယ်ပယ် စုံလင်၍ အရေးအဖွဲ့ သေသပ်ကောင်းမွန်သည်။ လူ့စရိုက်မျိုးစုံကို ပီပီပြင်ပြင် ဖော်ကျူးပြီး ချစ်ခြင်းမေတ္တာကို သိမ်မွေ့စွာ ဖွဲ့ဆို၍ လောကကြီး အမြီးအမောက်မတည့်မှုအချို့ကိုလည်း သရော်ထားသည်။ အနုပညာနှင့် အတတ်ပညာကို မျှတစွာပေါင်းစပ်၍ ဝတ္ထုတိုကောင်းတို့၏ အင်္ဂါရပ်နှင့်ညီညွတ်အောင် ပုံဖော်ဖန်တီးထားသော ဝတ္ထုများဖြစ်သည်။ အထူးသဖြင့် ဝတ္ထုတစ်ပုဒ်ဆုံးတိုင်း စာဖတ်သူ ဆက်လက်အတွေးဆန့်နိုင်အောင် အတွေးစ ချန်ထားပေးခြင်းက ဤစာအုပ်၏ ဆွဲဆောင်မှုဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၄ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ