စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ မောင်ညိုလဲ့ (အညာမြေ) ၏ “လောကဓံကြုံ မဖြုံစတမ်းပေါ့” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

“လူညို” ဟုခေါ်သည့် လူငယ်လေးတစ်ယောက်၏ဘဝတွင် ကြုံဆုံရသော လောကဓံ အမျိုးမျိုးကို လူငယ့်အတွေး၊ လူငယ့်အမြင်၊ လူငယ့်ခံစားချက်တို့ဖြင့် ရိုးရိုးရှင်းရှင်း ရေးဖွဲ့ထားသော ဝတ္ထုရှည်ဖြစ်သည်။ ကလေးငယ်ဘဝမှစ၍ သူငယ်တန်းမှ ဘွဲ့ရသည်အထိ သူ ရင်ဆိုင်ဖြတ်သန်း ရသည့် အတွေ့အကြုံများသည် ဝမ်းသာကြည်နူးစရာထက် ဝမ်းနည်းကြေကွဲစရာ ကိစ္စရပ်က ပိုများ နေသည်။ မိသားစုအတွင်း ငွေကြေးမပြည့်စုံမှု၊ ဖခင်၏သစ္စာမဲ့၍ အိမ်ထောင့်တာဝန် ပျက်ကွက်မှု၊ မိခင်၏ကျန်းမာရေး ချူချာမှု၊ အစ်ကို၏ မလိမ္မာမှုနှင့် အိမ်တွင်းရေး မသာယာမှုများသည် လူငယ် လေးတစ်ယောက်၏ စိတ်ဓာတ်နှင့် ပညာရေးလမ်းကြောင်းအပေါ် ဆိုးကျိုးများစွာ သက်ရောက်နိုင် ကြောင်း မီးမောင်းထိုးပြထားသည်။ 

သို့သော် ဇာတ်ကောင် လူညိုသည် မည်သို့ပင် အဆိုးလောကဓံနှင့်ကြုံကြုံ  လဲကျမသွားဘဲ အကောင်းဆုံးလမ်းကို ရွေးချယ်၍ ရှေ့ဆက်လျှောက်လှမ်းသွားကြောင်း ဇာတ်လမ်းဆင်ထားပုံက ဝတ္ထု၏အသက် ဖြစ်သည်။ ဤဝတ္ထုတွင် စာရေးဆရာက ဆုံးမစကား ဝင်မပြောဘဲ လူငယ်များ သင်ခန်းစာယူစရာ၊ အတုယူစရာ၊ ဆင်ခြင်နိုင်စရာ အဖြစ်အပျက်နှင့် အကြောင်းရပ်များကိုသာ ပေါ်လွင်အောင် ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ လူငယ်များ လက်ခံနိုင်သော အတွေးအခေါ် အယူအဆ မျိုးပါသည့် လူငယ်ဝတ္ထုစစ်စစ်ဟု ဆိုရမည့်အပြင် စာဖတ်သူတို့အတွက် ခွန်အားဖြစ်စေ သော စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၃၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်¬¬¬¬ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ¬¬¬(ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊     ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ