၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ(၅၂)၊ အမှတ်(၁၀) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ“မြန်မာ့စာပို့တိုက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ကမ္ဘာ့စာပို့တိုက်ကွန်ရက်ဖြင့် ချိတ်ဆက်ဆောင်ရွက်စို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် မြန်မာ့စာတိုက်တိုးတက်ဖို့ နိုင်ငံတကာ ကွန်ရက်နဲ့ ချိတ်ဆက်ဆောင်ရွက်စို့၊ စာတိုက်လုပ်ငန်းက ကမ္ဘာ့စာတိုက်ကွန်ရက်နှင့် ချိတ်ဆက် ဆောင်ရွက်နေ၊ လူငယ်ရေးရာကဏ္ဍတွင် ပညာခေတ်နဲ့ ပညာရေးစနစ်များ၊ ကိုယ်ပေးတဲ့အချစ် ကိုယ့်ပြန်ပေးခဲ့ပါ၊ အနုတ်ကို အပေါင်း ဖြစ်စေသူများ၊ ဆုပေး ဒဏ်ပေး ကျင့်သုံးရေး၊ ပညာရေး မနှေးရှာဖွေ ကောင်းကျိုးအထွေထွေ၊ စကားပြောတတ်သူ ဖြစ်ပါစေ၊ ဘဝပန်းတိုင်၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့၊ ကဗျာကဏ္ဍတွင် ပါရှန်ကဗျာစာဆို အိုမာခယမ်၏ ရူဘီယတ်ကဗျာများ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် တရုတ်-ပါကစ္စတန် ဆက်ဆံရေး၊ မဟာမြို့တော်၏ ဝိရောဓိများ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဘေးဒုက္ခများနှင့် ကြုံတွေ့နေရသောကမ္ဘာ၊ ဇာတ်တူသားစား တိရစ္ဆာန်များ (၂)၊ နယ်စပ်ဖြတ်ကျော် မြူခိုးအန္တရာယ် တို့ စုပေါင်းကာကွယ်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ငွေသားမဲ့ စီးပွားရေးအဆောက်အအုံ၏ ဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေး ကြောင့် ပျက်စီးနေသော လူ့ဘောင်၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေးအလုပ်သမား တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၈၂)၊ အရွယ်မတိုင်မီ မအိုရအောင်၊ ငွေကြေးနှင့် ကျန်းမာရေး၊ ကျန်းမာစေရန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ၊ ဝတ္ထုတို ကဏ္ဍတွင် ပရိယေသန သုခုမ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ပင်လယ်အောက်၌ ထောင်ချောက်မိခံခဲ့ရခြင်း၊ အထွေထွေကဏ္ဍတွင် ဘွားဘွားအမွေ၊ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့၊ ဆန်းကြယ်လှစွာ ပျော်စရာတွေ၊ ရုပ်လောကကို တည်ဆောက်ကြသော အမှုန်လေးများ (ဒုတိယပိုင်း)၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။