ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၄၀)၌ သီတင်းကျွတ်ပွဲတော်တွင် သူငယ်ချင်းများနှင့် ဗြောက်ဖောက် ကစားကာ အခြားသူများကို လန့်အောင်ပြုလုပ်ခဲ့ရာမှ မိမိတွင်လည်း အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပုံကို သရုပ်ဖော်ထားသည့် “ကုသိုလ်လည်းရ ဝမ်းလည်းဝ” မျက်နှာဖုံးကာတွန်း၊ သီတင်းကျွတ်လပြည့်နေ့တွင် လူကြီးသူမများကို ကန်တော့ကြပုံနှင့် မုန့်ဖိုးများ ပြန်လည်ရရှိကြပုံကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဂန္ထဝင် ခင်ခင်ပြူးနှင့် အပေါင်းအသင်းများ” နှစ်မျက်နှာကာတွန်း၊ ကွမ်းစားခြင်းဖြင့် ဖြစ်လာနိုင်သည့် ရောဂါများအကြောင်းကို သရုပ်ဖော်ထားသည့် “ဂျာရစ်” နှစ်မျက်နှာကာတွန်း၊ ဦးဒက်၏အိမ်ကို လုံခြုံ စေရန် သူ၏နည်းပညာဖြင့် လုပ်ဆောင်ပေးခဲ့သော ဉာဏ်ထက်မြက်သည့် ရွှေပဲအကြောင်းကို သရုပ်ဖော် ထားသည့် “ရွှေပဲ” နှစ်မျက်နှာကာတွန်း၊ ကျောင်းသားများအနေဖြင့် စာကိုသာ အချိန်ယူကြိုးစားသင့် ကြောင်း သရုပ်ဖော်ထားသည့် “ညီနောင်နှင့် နှင်းနှင်း” တစ်မျက်နှာကာတွန်းနှင့် သူတစ်ပါး၏ မြှောက်ပင့် ပြောဆိုမှုကို ယုံစားမိ၍ မိမိ၏အစာ ဆုံးရှုံးရပုံကို သရုပ်ဖော်ထားသည့် “သူတစ်ပါးစကားကို အယုံမလွယ် ပါနှင့်” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။ သုတဆောင်းပါးကဏ္ဍတွင် ကလေးများ အရပ်ရှည်စေရန် နေထိုင်စားသောက်ရမည့် နည်းလမ်းများကို ဗဟုသုတရဖွယ် ရေးသားထားသည့် “သားသားမီးမီးတို့ အရပ်ရှည်စေဖို့” သုတ ဆောင်းပါး ပါဝင်ပြီး ဆင်ခြင်ဉာဏ်ကင်းမဲ့ကာ သူတစ်ပါး၏ ပြောစကားကို ယုံမှားမိ၍ အသက်အန္တရာယ် နှင့် ကြုံတွေ့ခဲ့ရသော မျောက်ဆိုးလေးအကြောင်းကို ရေးသားထားသည့် “ဆင်ခြင်ဉာဏ်ကင်းမဲ့လျှင်” ပုံပြင်နှင့် ကလေးများ ကစားရာ၌ မိမိအတွက် အန္တရာယ်ဖြစ်စေမည့် နည်းလမ်းများကို ရှောင်ရှားနိုင်စေရန် ရေးသားထားသည့် “အသိနှင့်ယှဉ် ကစားစေချင်” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဝက်ဝံလေးကို ပျားအုံရှိရာသို့ ပို့ဆောင်ပေးနိုင်မည့် ဉာဏ်စမ်းနှင့် သီတင်းကျွတ်လတွင် ကျင်းပမြဲဖြစ်သော မီးထွန်းပွဲတော်နှင့် သီတင်းကျွတ်ရာသီအကြောင်းကို သီကုံးစပ်ဆိုထားသည့် “သီတင်းကျွတ်” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ရေခဲသေတ္တာဝယ်ယူရာ၌ ရောင်းသူနှင့် ဝယ်သူတို့ အပြန်အလှန် ပြောဆိုပုံကို ပုံစံအမျိုးမျိုးဖြင့် ရေးသားထားသည်ကို လေ့လာနိုင်မည် ဖြစ်ပါသည်။ ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။