ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က  ပခုက္ကူစာပေ ဆု၊ သုတေသနစာပေ တတိယဆုရရှိသည့် စာရေးဆရာ  လက်ယာ (မေတ္တာတံခွန်) ၏ “လပြည့်နေ့ ဖွား မြန်မာလူကျော်များ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

လပြည့်နေ့များတွင် ဖွားမြင်ခဲ့ကြသည့် (၁) မထေရ်မြတ်များ၊ (၂) သီလရှင်ဆရာကြီးများ၊   (၃) လောကီပညာရှင်များ၊ (၄) ပဒေသရာဇ်များ၊ (၅) နိုင်ငံရေးသမားများ၊ (၆) တပ်မတော်သားများ၊ (၇) စာရေးဆရာများ၊ (၈) ပညာရှင်များ၊ (၉) အနုပညာရှင်များ၊ (၁၀) လုပ်ငန်းရှင်များ စသည်ဖြင့်      ၁၀ မျိုးခွဲခြားကာ သုတေသနပြုထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါ စာအုပ်ကို ရောင်းဈေး  ၃၀ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ