ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ကျမ်းစာပေ၊ ဒုတိယဆုရရှိသည့် စာရေးသူ ဦးဝင်းမြင့်မောင် (လင်းအရုဏ်ဦး)၏ “ရတနာပုံ အိမ်ရှေ့စံ” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။

ကုန်းဘောင်ခေတ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ ဘဝဖြစ်စဉ်ကို သမိုင်းတင်ထားခဲ့သည်များ ထဲမှ မှတ်သားဖွယ်ရာများစွာကို ကောက်နုတ်ပြစုထားရာ သုတရသ မျိုးစုံ ပါဝင်သည်။ အရေးအသား ပြေပြစ်ကျစ်လျစ်ကာ တန်ဖိုးရှိလှသည်။ နိုင်ငံနှင့် လူမျိုး၏ ရေရှည်အကျိုးအတွက် စွန့်ဦးတီထွင်လုပ်ငန်း များကို ကြိုးပမ်းဖော်ထုတ်ခဲ့ပုံ၊ လွမ်းရေးထက် နန်းတွင်းရေးနှင့် ပြည်ထဲရေးကို ဦးစားပေးဆောင်ရွက် ခဲ့ပုံ၊ နန်းတွင်းသစ္စာဖောက်များ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပုံ၊ အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ ကောင်းမှုကုသိုလ်အဖုံဖုံ စသည်တို့ကို သမိုင်းအထောက်အထား မျိုးစုံဖြင့် ပြုစုထားရာ မျိုးဆက်သစ် လူငယ်များနှင့် သမိုင်းသုတေသီများအဖို့ လက်ကိုင်ထားသင့်သည့် စာအုပ် ဖြစ်သည်။ 

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ်၊ ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ