ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ကဗျာပေါင်းချုပ်၊ တတိယဆုရရှိသည့် စာရေးသူ ကနောင်နိုင်နွယ်ဦး၏ “ဘဝတေးသံ ကဗျာများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက် ရှိသည်။
အဆိုပါစာအုပ်တွင် မြန်မာ့ရိုးရာဓလေ့များနှင့် ကျေးလက်အလှ၊ စာပေအနုပညာ၊ အတွေးအမြင်၊ ချစ်ခြင်းမေတ္တာ၊ နိုင်ငံချစ်မြတ်နိုးစိတ် စသည်ဖြင့် မျိုးတူရာကဗျာများကို စုစည်းကာ အခန်းများခွဲ၍ တင်ပြထားသည်။ အကြောင်းအရာ အသင့်အတင့် စုံလင်ပြီး ကဗျာဖွဲ့နည်းများလည်း အတော်အတန် စုံလင်သည်။ အကြောင်းအရာများပေါ်မူတည်၍ တင်ပြပုံများလည်း ကောင်းမွန်သည့် ကဗျာများ ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၃ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ်၊ ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။