၁၂-၇-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၈)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၈)၌ ဖခင်ဖြစ်သူထံက အမွေအဖြစ် လက်ခံရရှိသော ငန်းနှစ်ကောင်၏ ကျေးဇူးကြောင့် ဘုရင်ကြီး၏ ချီးမြှင့်မြောက်စားခြင်းကို ခံရသော မောင်ဒေါနအကြောင်း သရုပ်ဖော်ထားသည့် “ထူးခြားအမွေ” မျက်နှာဖုံးကာတွန်း၊ ကြွားဝါခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို နားလည်သဘောပေါက်သွားသော ပုပုအကြောင်း သရုပ်ဖော်ထားသည့် “ပုပု ပါဝင်သည့် ကျီးနဲ့ ကျေး” နှစ်မျက်နှာကာတွန်း၊ မိမိအပေါ် ရိုးသားမှုကို လိုချက်ပါက ကိုယ်တိုင်က စ၍ ရိုးသားရမည်ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “ရိုးသားပါ” နှစ်မျက်နှာကာတွန်း၊ ငယ်ရွယ်ချိန်တွင် ပညာမသင်၊ ဥစ္စာမရှာသည့်အပြင် သောက်စားမူးယစ်ပြီး နေထိုင်ခဲ့ရာက နောင်တွင် ကြီးစွာ ဒုက္ခရောက်ရသော သူဌေးသားတစ်ယောက်အကြောင်း သရုပ်ဖော်ထားသည့် “ကုဋေရှစ်ဆယ် သူဌေးသား” နှစ်မျက်နှာကာတွန်း၊ ဘက်ထရီစက်ဘီး ဝယ်ပေးစရာမလိုတော့ဘူးဆိုသော ဂျာရစ်အကြောင်း သရုပ်ဖော်ထားသည့် “ဂျာရစ်” တစ်မျက်နှာဟာသကာတွန်းနှင့် အဘယ်ကြောင့် ကြက်ဥက ကြက်သားကဲ့သို့ အရသာမကောင်းရသလဲဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် ဟင်းသီးဟင်းရွက်အမျိုးအစားများအကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် မြန်မာတို့သည် မြန်မာ့ရိုးရာအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်တတ်ရမည်ဖြစ်ကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် အချင်းချင်း ပြောဆိုဆက်ဆံရာတွင် နှစ်ဦးနှစ်ဖက်၏ အမြင်ကို  အပြန်အလှန် လေးစားမှုရှိရမည်ဖြစ်ကြောင်း ‌ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍ၊ ငလျင်ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာကြမည့် ယနေ့လူငယ်များသည် ငယ်ရွယ်ချိန် ကတည်းက လုံ့လဝီရိယထား၍ ကြိုးစားကြရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာ သူရအောင် (ရွှေပြည်သာ)၏ “အနာဂတ်ကြယ် တို့လူငယ်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တိုက်ခန်းငှားရမ်းမည့်သူက တိုက်ခန်းတွင် မီးဖိုချောင်ထဲက ဘုံပိုင်ခေါင်း ရေယိုနေသည်ကို တွေ့ပြီး ချက်ချင်းပြင်ပေးရန် တိုက်ခန်းပြုပြင်ထိန်းသိမ်းရေး တာဝန်ရှိသူနှင့် ဆွေးနွေးသည်ကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ‌ရေးသားထားသည်ကို ကလေးတို့ လေ့လာ မှတ်သားနိုင်မည်ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ