ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု၊ သုတေသနစာပေ၊ ပထမဆုရရှိသည့် စာရေးသူ မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန) ၏ “သရေခေတ္တရာ ပျူတို့၏ ရွှေထည်ငွေထည် ယဉ်ကျေးမှု အနုလက်ရာများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် သရေခေတ္တရာမြို့ဟောင်း၏ နောက်ခံသမိုင်းနှင့် တူးဖော်တွေ့ရှိချက်များ၊ တူးဖော်ခဲ့သော ကုန်းများမှ ရွှေထည်၊ ငွေထည်များ၊ သရေခေတ္တရာမြို့ဟောင်း၊ သီရိ
ခေတ္တရာပြတိုက်ရှိ အဆောင်များတွင် ခင်းကျင်းပြသထားသော ရွှေထည်ပစ္စည်းမျိုးစုံ၊ ငွေထည်ပစ္စည်းမျိုးစုံ၊ ပျူဒင်္ဂါးများ အပါအဝင် အကိုးအကား အထောက်အထား ဓာတ်ပုံများဖြင့် အခန်း ၁၂ ခန်းခွဲကာ အသေးစိတ် ရေးသားတင်ပြထားရာ နိုင်ငံနှင့်လူမျိုးအတွက်သာမက မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအတွက်ပါ လွန်စွာတန်ဖိုး ရှိလှသည်။ စာအုပ်ပါအကြောင်းအရာများမှာ လက်တွေ့လေ့လာ သုတေသနပြုကာ ရေးသားထားခြင်း ဖြစ်သဖြင့် စာဖတ်သူများ ဖတ်ရှုလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၄ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ်၊ ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။