၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၅ ခုနှစ်၊ မေလ၊ အတွဲ(၅၂)၊ အမှတ်(၅) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ပလတ်စတစ်စွန့်ပစ်ခြင်း၏ ကြောက်မက်ဖွယ်ရာ အန္တရာယ်များ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ပလတ်စတစ်စွန့်ပစ်ခြင်း၏ ကြောက်မက်ဖွယ် အန္တရာယ်များ၊ ပလတ်စတစ်အစား အော်ဂဲနစ်ပစ္စည်းများကို သုံးစွဲရေး၊ ကျွန်ုပ်တို့ရှူသွင်းသည့် ပလတ်စတစ်များ၊ လူငယ်ရေးရာကဏ္ဍတွင် တို့တစ်တွေ ဘယ်လိုနေကြသလဲ၊ ကပ်စေးနှဲတိုင်းပြည်၊ သစ္စာတရားကို ကျောခိုင်း၍၊ စိတ်ကျန်းမာရေးအလေးပေး၊ ခရီးသွားရင်း…၊ လကမ္ဘာသို့ အာကာသ သယံဇာတ ရှာပုံတော်ခရီး၊ လှတစ်မျက်နှာဖန်တီးရှင်များ၊ ရေခဲပုံဆောင်ခဲ သို့မဟုတ် ရေခဲစေတီ၊ ကဗျာကဏ္ဍတွင် ပါရှန်ကဗျာစာဆို အိုမာခယမ်၏ ရူဘီယတ်ကဗျာများ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အကောင်းဆုံးဘဝကို ရွေးချယ်ရာဝယ်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ယူရို-အတ္တလန္တိတ်နှင့် အင်ဒို-ပစိဖိတ်အကြား လုံခြုံရေး ခွဲခြားမရမှု၊ အန်ကာနယ်မြေကို လေ့လာခြင်း (အပိုင်း-၅)၊ ကိုယ်ပိုင် ဂျက်လေယာဉ်ပွဲစား၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ရာသီဥတုပြောင်းလဲမှု ဘေးအန္တရာယ်များနှင့် ဆင်းရဲနွမ်းပါးသူများ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ခရစ်တိုကာရင်စီနှင့် ဘစ်ကွိုင်၊ MSMEs လုပ်ငန်းအစ စီမံကိန်းရေးဆွဲခြင်းက (၃)၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် အဆိပ်ပါသည့် ဆေးရွက်ကြီး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၇၈)၊ ခရမ်းလွန်ရောင်ခြည် နှင့် နွေရာသီ၊ အပူဒဏ်နှင့် အပူလှိုင်း၊ ဝတ္ထုတိုကဏ္ဍတွင် လွမ်းခဲ့ပါသည်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သေဘေးနှင့် ကြုံတွေ့ကြရသော်လည်း၊ အထွေထွေကဏ္ဍတွင် နိုင်ငံ့စီးပွားမြှင့်တင်မှုစွမ်းအား ဖြူစင်ရိုးသား လယ်သမား၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေ ဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ် ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။