ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၇)၊ အမှတ်(၁၅) ၌ ပုပု၏ဖခင်က သင်္ကြန်ရေကစားရာတွင် ကိုယ်ပျော်ရွှင်ဖို့အတွက် သူတစ်ပါးဒုက္ခရောက်အောင် မကစားသင့်ကြောင်း ပုပုနှင့် သူငယ်ချင်းများအား ဆုံးမထားသည်ကို သရုပ် ဖော်ထားသည့် “သင်္ကြန်ပွဲတော် တို့နွှဲပျော်” မျက်နှာဖုံးဇာတ်လမ်း၊ အလုပ်မလုပ်ဘဲ အစားကို အချောင်စား ချင်သည့် အပျင်းထူသော မောင်ကျန်အကြောင်းကို သရုပ်ဖော်ထားသည့် “အချောင်သမား” နှစ်မျက်နှာ ကာတွန်း၊ စူပါမင်းအင်္ကျီလိုချင်သည့် ဖိုးတစ်တိုနှင့် သူ၏ အဒေါ်ဖြစ်သူတို့ အပြန်အလှန် ပြောဆိုကြပုံကို သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ ကိုဇေ လွတ်သွားသော ငါးမှာ ကိုထက် လွတ် သွားသော ငါးထက် ပိုကြီးကြောင်း သရုပ်ဖော်ထားသည့် “လင်းထက်- ကံဆိုးသူများ” နှစ်မျက်နှာကာ တွန်း၊ တိရစ္ဆာန်များအားလုံး တက်ညီ၊ လက်ညီ တွန်းလိုက်သည့်အတွက် တောလမ်းအလယ်တွင် ရှိသော ကျောက်တုံးကြီးမှာ ချောက်ထဲကျသွားသည့်အကြောင်းကို သရုပ်ဖော်ထားသည့် “စွမ်းအားရှင်” နှစ်မျက် နှာကာတွန်းနှင့် ကလေးငယ်အချင်းချင်း ပေါင်းဖော်ရာ၌ အပေါင်းအသင်း မမှားရအောင် ဆုံးမထားသည်ကို သရုပ်ဖော်ထားသည့် “ကျော်ကြီး” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
နာနတ်သီးအကြောင်း ဗဟုသုတရစေရန် ရေးသားထားသည့် “နာနတ်သီး” သုတဆောင်းပါး ကဏ္ဍ၊ မောင်နနှင့် မယ်မြတို့၏ ကျေးဇူးသိတတ်မှုကို သစ်ပင်စောင့်နတ်မင်းက ရွှေတုံးများပေးသည့် အကြောင်းကို ရေးသားထားသည့် “ကျေးဇူးသစ်ပင်” ပုံပြင်ကဏ္ဍ၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းကာ သင်္ကြန်ရက်များတွင် စတုဒိသာများ လှူဒါန်းနိုင်ရန် ဝိုင်းဝန်းကြိုးပန်းခဲ့ကြသော သူငယ် ချင်းများအကြောင်း ရေးသားထားသည့် “နှစ်သစ်ကူးအလှူ” ဝတ္ထုကဏ္ဍနှင့် တန်ခူးလတွင် ပိတောက်ပန်း များဖူးပွင့်ကြပုံ၊ စတုဒိသာ အလှူများ လှူဒါန်းကြပုံနှင့် ရေသဘင်ပွဲ ဆင်နွှဲကြပုံအကြောင်းကို သီကုံး ရေးဖွဲ့ထားသည့် “နှစ်သစ်ဆုတောင်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာအနေနှင့် နေစဉ်သုံး အင်္ဂလိပ်စကားပြောများထဲတွင် ထည့်သွင်းပြောဆိုသင့်သည့် စကားအသုံးအနှုန်းများထဲမှ ထူးခြားအဓိပ္ပာယ်ထွက်သည့် စကားစုအချို့ကို ရေးသားထားသည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။