ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊ ကဗျာပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ ကောင်းနွဲ့၏ ‘ရောင်နီသန်းချိန် ပန်းပွင့်ချိန်’စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကဗျာ (၇၂) ပုဒ် ပါဝင်သည်။ မြန်မာကဗျာ ဖွဲ့ထုံးနည်းစနစ်များအတိုင်း မှန်ကန်ပိုင်နိုင်စွာ ရေးဖွဲ့ထားသော ကဗျာဖြစ်သည်။ အကြောင်းအရာပိုင်း စုံလင်သကဲ့သို့ တင်ပြပုံလည်း လှပသေသပ်သည်။ လေးလုံးစပ်၊ လေးဆစ်ချိုး၊ လေးချိုးလတ်၊ လေးချိုးကြီး၊ နွယ်သာကီ သံဖြတ် စသည်ဖြင့် မြန်မာကဗျာဖွဲ့နည်းစနစ်များလည်း စုံလင်သည်။ အကြောင်းအရာပိုင်းတွင် ကျေးလက်မြို့ပြ မိဘဆရာ ဘာသာလူမှု တိုင်းကျိုးပြည်ပြု သုတရသ ဒဿန ဓမ္မစုံလင်စွာ ပါရှိသည်။ တင်ပြပုံအပိုင်းတွင်လည်း ဆင့်ပွားတွေးတောဖွယ်ရာ ရသများ၊ အတွေးသစ် အမြင်သစ်များ၊ လိုက်ဖက်သော ဖွဲ့နည်းများဖြင့် တင်ပြထားသည်။ အဖွဲ့အနွဲ့ပိုင်းတွင်လည်း ဥပမာ ဥပစာများဖြင့် ရသ ဂုဏ် အလင်္ကာ စုံလင်စွာ ရေးဖွဲ့ထားသော ကဗျာစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။