၁ - ၃ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၉) ထွက်ရှိ

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၇)၊ အမှတ်(၉) ၌ ဘဝတွင် အသိပညာ၊ အတတ်ပညာနှင့် တွေးခေါ်မြော်မြင် နိုင်စွမ်း၏ အရေးပါပုံကို ပုပု၏ ဖခင်က ပုပုနှင့် အောင်ဘုအား ရှင်းပြထားသည့်အကြောင်း သရုပ်ဖော်ထားသည့် “မနေ့က နှင့်မတူ” မျက်နှာဖုံးဇာတ်လမ်း၊ မိမိ၏လုပ်ရပ်အပေါ် အမှား၊ အမှန် ခွဲခြားနိုင်ပြီး မိမိကြောင့် တစ်ပါးသူ ဒုက္ခမရောက်သင့်ကြောင်း သရုပ်ဖော်ထားသည့် “အမှားနဲ့ အမှန်” နှစ်မျက်နှာကာတွန်း၊ နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးမှုသင်တန်းတက်မည့် ရန်ပိုင်စိုးအကြောင်း  သရုပ်ဖော်ထား သည့် “ရန်ပိုင်စိုး”  တစ်မျက်နှာကာတွန်း၊ ခွေးလေးပါပီ သူခိုးဖမ်းနိုင်သည်မှာ ခွေးပိုင်ရှင်ဖိုးဇော်၏ အသင်အပြကောင်းခြင်းကြောင့် ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် နည်းပြကောင်း” နှစ်မျက်နှာကာတွန်း၊ ကြွက်လေးအတွက် မြေတွင်းကသာ အလုံခြုံဆုံးနှင့် စိတ်အချရဆုံးနေရာဖြစ်ကြောင်း သရုပ် ဖော်ထားသည့် “ကြွက်ဖြစ်ရတဲ့ ဒုက္ခ” နှစ်မျက်နှာကာတွန်းနှင့် ဆရာမက စာသင်ခန်းထဲတွင် ပန်ပန်နှင့် သူငယ်ချင်းများအား စာမေးထားသည့်ကို သရုပ်ဖော်ထားသည့် “ပန်ပန်” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

လူတို့အတွက် အသက်ရှူလမ်းကြောင်းနှင့် ပတ်သက်၍ ဗဟုသုတဖြစ်စေမည့်အကြောင်း အရာ များကို ရေးသားထားသည့် “အသက်ရှူလမ်းကြောင်း ကျန်းမာရေး” သုတကဏ္ဍ၊ ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ကြွက်လေးသည် ပျားလေးအပေါ် အကူအညီ မပေးခဲ့မိ၍ နောင်တရသည့်အကြောင်း ရေးသားထားသည့် “ပန်းတောထဲက ကြွက်” ပုံပြင်ကဏ္ဍ၊ ဖခင်တစ်ဦးက စာကျက်ပျင်းသော သားဖြစ်သူကို ဆိုလာမီးအိမ်လေးနှင့် ဥပမာပေး၍ ဆုံးမထားသည့် “ဆိုလာမီးအိမ်လေးလို ကျင့်ပါ့မယ်” ဝတ္ထုကဏ္ဍနှင့် တောင်သူလယ်သမားဦးကြီး၏ ကျေးဇူးကြီးမားပုံကို ရေးဖွဲ့ထားသည့် “လယ်သမား” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာအနေနှင့် ဥပမာများနှင့်တကွ လေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်”ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

 ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ