၁ - ၂ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၅)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၅) ၌ တောင်တက်အဖွဲ့များနှင့်အတူ တောင်ထိပ်ပေါ်သို့ အောင်မြင်စွာ အရောက်တက်နိုင်ခဲ့ရာက စိတ်ဓာတ်ခွန်အားဆိုင်ရာ အတွေ့အကြုံကောင်းများကိုပါ ရရှိလိုက်သော ရွှေပိုးအကြောင်း သရုပ်ဖော်ထားသည့် “တောင်တက်သမားလေး” မျက်နှာဖုံး ကာတွန်း၊ မိဘအပေါ် ကူညီတတ်သော အိမ့်နှစ်အကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း ဖြိုးရဲ၏ လှည့်စားခြင်းကို ခံလိုက်ရသော အာနိုးအကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲ- သေသေချာချာ နားထောင်ပါ” နှစ်မျက်နှာဟာသ ကာတွန်း၊ ငါးမျှားသွားကြရာက ငါး မရသောကြောင့် စျေးတွင် ငါး ဝယ်ပြီး အိမ်ပြန်လာကြသော ကီးကီတို့ သားအဖ သုံးယောက်အကြောင်း သရုပ်ဖော်ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနှင့် ငါးရစ်၊ ငါးသန်” နှစ်မျက်နှာကာတွန်း၊ ဆရာ၊ ဆရာမများက ပြောပြသော မှတ်သားဖွယ်ရာများကို ဂရုတစိုက် လိုက်နာ နားထောင်သင့်ကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် မှတ်သားဖွယ်ရာ သင်ခန်းစာ” တစ်မျက်နှာ ကာတွန်းနှင့် ဘွားဘွားကို တက်နင်းပေးပါက ငရဲကြီးမည်စိုးသော ဘယ်ကျော် အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထား ပါသည်။ 

သုတကဏ္ဍအနေဖြင့် ကူးစက်လွယ် အဆုတ်တီဘီရောဂါအကြောင်း ကလေးတို့ ဗဟုသုတ ဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် ပိုင်ရှင်မသိအောင် သခွားသီးနုနု ခူးစားချင်သော ဖိုးရှုပ်နှင့် ပွေလီတို့ နှစ်ယာက်အကြောင်း တင်ဆက်ထားပါသည်။  ပုံပြင်ကဏ္ဍ အနေဖြင့် လိပ်ပြာလေးသည် သူ၏ သဘာဝအလျာက် ဖြစ်တည်နေသည့် အနက်ရောင် တောင်ပံလေးကို မြတ်နိုးတန်ဖိုးထားတတ်ရမည်ကို သိရှိသွားပုံအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ရွှေသွေးတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီ လက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် စာသင်ကျောင်းတွင် သူငယ်ချင်း အချင်းချင်း ချစ်ခင် ရိုင်းပင်းကြရန်၊ စည်းကမ်း ရှိသော၊ စာကြိုးစားသော၊ စာတော်သော ကျောင်းသားကောင်းများဖြစ်ရန် ပြုမူနေထိုင်တတ်ရမည်ဖြစ် ကြောင်း ရေးဖွဲ့ထားသည့် ဆရာ သိဒ္ဓိမောင်ဒွေး၏ “ကျောင်း၌ ယဉ်ကျေးခြင်း” ကဗျာကဏ္ဍတို့ကို လည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အသုံးဝင်၊ အသုံးများသော နေ့စဉ်သုံး အင်္ဂလိပ်စကား အသုံးအနှုန်းများ အကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ