ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂) ၌ ဖြူကောင်လေး ဥဥကို သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ကစားနိုင်ရန် ကြွက်ညိုက ကူညီပေးလိုက်ပုံအကြောင်း သရုပ်ဖော်ထားသည့် “ဥဥနဲ့ သူငယ်ချင်းများ” မျက်နှာဖုံးကာတွန်း၊ ဘိုးဘိုးက မြေးအငယ်အပေါ် အလွန်ချစ်ကြောင်းကို ပြောပြလိုက်သော ကိုကို နှင့် ညီလေး ဂျိုးဂျိုးအကြောင်း သရုပ်ဖော်ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနှင့် ငုံးဥပုပ်” နှစ်မျက်နှာ ကာတွန်း၊ ဦးလေးဒစ်ဂျစ်တယ်ကို ကူညီပေးလိုက်ရာက မုန့်အဝစားရသော ရွှေပိုးအကြောင်း သရုပ် ဖော်ထားသည့် “ရွှေပိုး- မှာလိုက်ပုံက” နှစ်မျက်နှာဟာသကာတွန်း၊ အသက်ကို အချိန်ကာလဖြင့် သတ်မှတ်ပုံနှင့် ပတ်သက်၍ ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ တီကောင် တွေ့ရမည့်နေရာကို ပြောပြလိုက်သော ပန်ပန်အကြောင်း သရုပ်ဖော်ထားသည့် “ပန်ပန်နှင့် တီကောင်” တစ်မျက်နှာကာတွန်းနှင့် ဘိုးဘိုး နေမကောင်းလျှင် ကြက်စွပ်ပြုတ် သောက်ပြီး ကြက်များ နေမကောင်းလျှင် ဘာသောက်သလဲဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် လူ့ခန္ဓာကိုယ်ထဲရှိ နှလုံး၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် အမှိုက်များကို မြို့နယ် စည်ပင်သာယာက သတ်မှတ်ပေးထားသော အမှိုက်ပုံးထဲတွင်သာ စည်းကမ်းတကျ စွန့်ပစ်ပါတော့ မည်ဆိုသော ကျော်ဇင်ထွန်းအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် တိရစ္ဆာန်လေး များအပေါ် ချစ်ခင်သနားတတ်သူ၊ မိဘဘိုးဘွားကို ရိုသေလေးစားတတ်သူ နိုမီသည် မိတ်ဆွေစာကလေး၏ ကူညီမှုဖြင့် သူစိမ်း၏ ရန်က လွတ်မြောက်ခဲ့ပုံအကြောင်း တင်ဆက်ထားပါ သည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် ကျေးငှက် တို့၏ သဘာဝအလှများအကြောင်း ဖော်ကျူးရေးဖွဲ့ထားသည့် ဆရာမြစိုးသန်း (ရွှေပြည်သာ)၏ “သူတို့အလှ သူတို့ဘဝ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ငှားရမ်းလိုက်သော တိုက်ခန်းကို ကြည့်ရှုရန် ချိန်းဆိုချက် ပြုလုပ်ပုံအကြောင်း အပြန်အလှန် ပြောဆို ပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။