၄ - ၁ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၁)၌ အပေါင်းအဖော်များ အန္တရာယ်နှင့် ကြုံတွေ့ရမည်ကို ကြိုတင်သတိပေးစကား ပြောကြားခဲ့၍ မိမိ အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ၌လည်း အကူအညီ ပြန်လည်ရရှိသွားသော ကြွက်လေးပိုပိုအကြောင်းကို သရုပ်ဖော်ထားသည့် “ကြွက်ကလေး ပိုပို” မျက်နှာဖုံးဇာတ်လမ်း၊ မကြာခဏ နေမကောင်းဖြစ်ကာ ကျောင်းပျက်တတ်သော သူငယ်ချင်းထူးထူး၏ ပြန်ဖြေလိုက်သော အဖြေကြောင့် အံ့ဩသွားခဲ့ရသော မျိုးမျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော- သိပ်ကောင်းလို့ပေါ့” နှစ်မျက်နှာကာတွန်း၊ ကစားမက်လွန်း၍ မိဘနှင့် ဆရာများ၏ ဆူပူမှုကို ခံခဲ့ရသော ဖိုးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ကစားချိန်လျှော့ပါ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို လိမ်လည်လှည့်ဖြားပြီး ပြောဆိုပါက နောက်ဆုံးတွင် ကျရှုံးခြင်းနှင့်သာ ရင်ဆိုင်ရကြောင်း သရုပ်ဖော်ထားသည့် “ရေတွင်း ပြဿနာ”  နှစ်မျက်နှာကာတွန်း၊ အဘွားဖြစ်သူက စကားကို လိမ်ညာ၍ မပြောဆိုရန် ဆုံးမသည်ကို ဟန်သီမ၏ ပြန်လည် ပြောကြားပုံကို သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်းနှင့် ဂိမ်းကစားလွန်းသော ဖိုးတစ်တိုကို သူ၏ဖခင်က စာဖတ်ရန် ပြောဆိုဆုံးမထားသည်ကို သရုပ်ဖော်ထား သည့် ကာတွန်းသန်းဦး၏ “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများကို သိရှိကာ စနစ်တကျ စွန့်ပစ်တတ် စေရန် ပညာပေးရေးဖွဲ့ထားသည့် “ကြွပ်ကြွပ်အိတ်ရဲ့ အန္တရာယ်” သုတဆောင်းပါး၊ သူငယ်ချင်းအချင်းချင်း ပေါင်းဖော်ရာ၌ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချစ်ခင်စိတ်၊ ခွင့်လွှတ်သည်းခံစိတ်ရှိမှသာ ပေါင်းဖော်၍ ရနိုင်ကြောင်းကို ရေးဖွဲ့ထားသည့် “ပေါင်းသင်းဆက်ဆံနည်း” ဝတ္ထုနှင့် မိခင်၏ သတိပေးပြောစကားကို လိုက်နာခဲ့၍ အသက်အန္တရာယ်မှ ကင်းဝေးခဲ့သော ကြွက်ဖြူလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ကြွက်ဖြူလေးနဲ့ မုန်လာဥ” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် ရွှေသွေးဂျာနယ်သည် လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီလ ၄ ရက်တွင် စတင်ထုတ်ဝေ ခဲ့ကြောင်းကို သီကုံးဖွဲ့ဆိုထားသည့် “လွတ်လပ်‌ရေးနှင့်အတူ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာ လေ့လာရာ၌ အသုံးဝင်သည့် နေ့စဉ်သုံးစကားအသုံးအနှုန်းများထဲမှ ထူးခြားအဓိပ္ပာယ်ထွက်သည့် စကားစု အချို့အကြောင်းကို ရေးသားထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာသင်ခန်းစာတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ