JPMC (Joint Project Monitoring Committee) အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆိုဗိမာန် တည်ဆောက်ခြင်းစီမံကိန်းသဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆-၁၂-၂၀၂၄ (တနင်္လာနေ့)၊ နံနက် ၁၀:၀၀ နာရီတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ရန်ကုန်မြို့မှ အဖွဲ့ဝင် ၆ ဦး၊ နေပြည်တော်မှ အဖွဲ့ဝင် ၂ ဦးနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ အဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း JPMC  အဖွဲ့ဝင် ၁၀ ဦးတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်း စတင်နေမှုများ၊ လုပ်ငန်းဆောင်ရွက်ချက် တိုးတက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။  

2-290
 

အကြံပြုစာ/တိုင်ကြားစာ