၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် https://2020election.uec.gov.mm Website တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း ဘာသာစကား (၅) မျိုးဖြင့် အောက်ပါအတိုင်း ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်ရန်အတွက် တစ်နေရာတည်း၌ လွှင့်တင်ထားရှိပါသည် -
(က) ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ
(ခ) ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ
(ဂ) ရွေးကောက်ပွဲအလွန်ကာလဖြစ်စဉ်များ
(ဃ) မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း စိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ
(င) ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်များ
(စ) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်းများ
(ဆ) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက်နှင့် မှတ်တမ်းဓာတ်ပုံများ