ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၄၉) ၌ မိမိကို ကျွေးမွေး စောင့်ရှောက်ထားသည့် ကျေးဇူးရှင်များအပေါ် တာဝန်ကျေ သည့် သရုပ်ဖော်ထားသည့် “ခွေးလေးဘွန်ဘွန်” မျက်နှာဖုံးကာတွန်း၊ ဆရာမက စာမေးမည်ဆို၍ ကျောင်းပြေးပြီး တောထဲသို့သွား၍ ဒုက္ခရောက်ရသည့် မြဂျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် အမှတ်အသား” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး စိတ်ချမ်းသာသွားသည်ကို ကြည့်ပြီး ဖိုးတစ်တိုလည်း စိတ်ချမ်းသာမှုရသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ ကျောင်းဆက်မတက်နိုင်တော့သည့် တပည့်သံချောင်းကို အိမ်အထိ စာသွားသင်ပေးသော ဆရာ့ အကြောင်းကို သရုပ်ဖော်ထားသည့် “မြတ်ဆရာ” နှစ်မျက်နှာကာတွန်း၊ သူများအပေါ် နောက်ပြောင် တတ်သော ကောက်ကျစ်ကို ပညာပေး သရုပ်ဖော်ထားသည့် “မွေးနေ့လက်ဆောင်နှင့် လက်ဆောင်” နှစ်မျက်နှာကာတွန်း၊ ဦးဖောင်းဖောင်းမှာ နှမြောတွန့်တိုသည့် လူကြီးမဟုတ်ဘဲ ကပ်စေးနှဲ ကော်တရာ ကြီးပါလို့ စနောက်ထားသည့် လမ်းသစ်အကြောင်းကို သရုပ်ဖော်ထားသည့် “လင်းသစ်” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
အစာအုပ်စု သုံးအုပ်စုကို ခန္ဓာကိုယ်အတွက် အာဟာရဖြစ်အောင် စားသုံးသင့်ကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “အာဟာရရှိတဲ့ အစားအစာတွေ စားကြရအောင်” သုတဆောင်းပါးကဏ္ဍ၊ဖခင်ဖြစ်စေချင်သည့်အတိုင်း သက်မွေးဝမ်းကျောင်းသည့် အတတ်ပညာကို နားလည်သွားသည့်မောင်ဒေါနအကြောင်း ရေးသားထားသည့် “ပညာ” ပုံပြင်ကဏ္ဍ၊ အဖေနှင့် အမေ၏ ဆုံးမစကားများဖြင့်လိမ္မာရေးခြားရှိသူ မောင်ကောင်းမြတ်အကြောင်းကို ရေးသားထားသည့် “ကြက်တောင် အေးစိန်” ဝတ္ထုကဏ္ဍနှင့် အနေဝေးသော်လည်း ခရီးနီးကာ ကမ္ဘာကြီးသည် ရွာကြီးဖြစ်ပြီး တစ်ကမ္ဘာလုံးကို ထိုးဖောက်မြင်နိုင်သည်မှာ အင်တာနက်သာဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “အင်တာနက်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
နေစဉ်သုံး အင်္ဂလိပ်စကားအသုံးအနှုန်းများအကြောင်းကို ဖော်ပြပေးထားပြီး လေ့ကျင့်မှုများပါ ပြုလုပ်နိုင်မည့် “အသုံးဝင်သည့် နေ့စဉ်သုံး အထူးစကား အသုံး အနှုန်းများ” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍနှင့် ကဏ္ဍာစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။