­­­­၁၆ - ၁၁ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၆) ထွက်ရှိ

                     ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၄၆)၌ ဝင်္ကပါပွဲတော် ကျင်းပရခြင်းအကြောင်းကို သိရှိသွားသည့် ပုပုအကြောင်း သရုပ် ဖော်ထားသည့် ကာတွန်းမင်းကောင်းကို၏ “တန်ဆောင်တိုင် ဝင်္ကပါပွဲတော်” မျက်နှာဖုံးကာတွန်း၊ တန်ဆောင်တိုင်လပြည့်နေ့တွင် သူငယ်ချင်းအတွက် အမှတ်တရပြုဖြစ်သော ကုသိုလ်အတွက် ပီတိ ပွားမိသည့် ပန်ပန်အကြောင်း သရုပ်ဖော်ထားသည့် ကာတွန်းဖိုးတုတ်ကလေး၏ “ပန်ပန်၏ ပံ့သကူ” နှစ်မျက်နှာကာတွန်း၊ မေမေက နှိုးလိုက်သည့်အတွက် အိပ်မက်ထဲတွင် ဂိုးမသွင်းလိုက်ရသည့် ဖိုးထူး အကြောင်း သရုပ်ဖော်ထားသည့်  ကာတွန်းအဲရိုး၏ “ဟောတော့” တစ်မျက်နှာကာတွန်း၊ ဘုန်းဆင့်သူ သိချင်သည့် ယဉ်ကျေးလိမ္မာသည့် စိတ်ထားအကြောင်းကို အဘိုးက ပြောပြထားသည်ကို သရုပ်ဖော်ထားသည့် ကာတွန်းလွမ်းမောင်(သုဝဏ္ဏ)၏ “ယဉ်ကျေးလိမ္မာကြရအောင်” နှစ်မျက်နှာကာတွန်း၊  ရိုးသားသည့် အတွက် စေတနာအကျိုးပေးပုံကို သရုပ်ဖော်ထားသည့် ကာတွန်းရွှေရိုး၏ “အကြံကောင်း” နှစ်မျက်နှာ ကာတွန်းနှင့် ဖုန်းကို အကြာကြီးသုံးမိလျှင် မျက်စိထိခိုက်စေနိုင်သည့်အကြောင်း ဖိုးတစ်တိုကို သူ့အဖေက ပြောပြထားသည့်အကြောင်း သရုပ်ဖော်ထားသည့် ကာတွန်းသန်းဦး၏ “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။

                  သုတကဏ္ဍတွင် လူ့ခန္ဓာကိုယ်တွင် ကျောက်ကပ်၏ အရေးပါပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် ကာတွန်းရွှေလင်းမြေညွန့်ကိုကို၏ “ကျောက်ကပ် ကျန်းမာရေးအကြောင်း သိမှတ် ဖွယ်ရာ” သုတဆောင်းပါးကဏ္ဍ၊ လောင်းကစား လုပ်သည်ဆိုသည်မှာ မကောင်းကြောင်း သိရှိသွားသည့် မောင်ညွန့်နှင့် အောင်မြိုင်တို့အကြောင်း ရေးသားထားသည့် ဆရာညွန့်ဝင်း(နတ်တလင်း)၏ “လောင်း ကစား” ဝတ္ထုကဏ္ဍ၊ မိဘဆီမှ အမွေရထားသည့် အသပြာကို ကောင်းစွာ အသုံးမချနိုင်သဖြင့် အသပြာများ ဆုံးရှုံးရပုံအကြောင်း ရေးသားထားသည့် ဆရာဝင်းဇော်(သုံးဆယ်)၏  “လေထဲ တိုက်အိမ်ဆောက်သူ” ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီ ဖြစ်ပါသည်။

 ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ