၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ(၅၁)၊ အမှတ်(၁၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ပြည်တွင်းစားသုံးဆီ ဖူလုံဖို့ နေကြာသီးနှံ တိုးစိုက်စို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် စားသုံးဆီအတွက် နေကြာပန်းများ စိုက်ပျိုးခြင်း၊ နေကြာအောင်မြင်အောင် စိုက်ပျိုးနည်း၊ လူငယ်ရေးရာကဏ္ဍတွင် ပညာရေးအတွေးအမြင် ပြောင်းလဲလာခြင်း၊ ဘုရားသခင်ထံမှ ပေးစာ၊ လုပ်ရဲတာ သတ္တိလား၊ ခံရဲတာ သတ္တိလား၊ သာယာပျော်ရွှင် လုပ်ငန်းခွင်၊ အပြစ်မယူ ချစ်သူ ခင်သူ ပေါတဲ့သူ၊ ကျေးဇူးရှင် ဆရာသခင်များနှင့် လုပ်ဖော်ကိုင်ဖက်များကို သတိရလွမ်းဆွတ်ခြင်း အပိုင်း(၄)၊ ကြောက်သွေးဟူ၍ နှမ်းတစ်စေ့မျှ မရိပ်ဝဲဘဲ ရဲရဲဝံ့ဝံ့ စွန့်စားမည်၊ တန်ဆောင်တိုင်ပွဲနေ့၊ အမှန်တကယ် အောင်မြင်လိုပါသလား၊ လောကဓံကိုရင်ဆိုင်မည့် စိတ်ဓာတ်ခွန်အား၊ ကဗျာကဏ္ဍတွင် ချောင်းကလေး၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ဇရာဗေဒ သုတေသန၊ ထူးခြားဆန်းပြား ကမ္ဘာတစ်ဝန်းက ဘုန်းတော်ကြီး ကျောင်းများ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် တရုတ်နိုင်ငံ၏ အနာဂတ်မဟာဗျူဟာ ထောက်ပံ့ရေး ကွင်းဆက်များ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး သက်ရောက်မှု၊ အပြစ်ကင်းတဲ့ ချောင်းကလေး၊ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာကဏ္ဍတွင် ကလေး စစ်သား ပပျောက်ရေး၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တာဆီးရေး၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် ဆိုးကျိုးများပေးသည့် ဆေးခြောက်၊ သတိထား ရမည့် မူးယစ်ဆေးဝင်ပေါက်အန္တရာယ်၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် လူကုန်ကူးမှုအကြောင်း သိစေချင် သောအချက်များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၇၄)၊ အဝခြင်းဖြင့် မတူ ပါလေ၊ ဝတ္ထုတိုကဏ္ဍတွင် ပြတင်းပေါက်မှ အလင်းရောင်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် စင်ဒီ၏ ကျေးဇူးကြောင့်၊ အထွေထွေကဏ္ဍတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် မူပိုင်ခွင့်ဥပဒေ၊ ကဗျာတစ်ပုဒ်နှင့်အတူ၊ စိတ်ဖိစီးမှုနှင့် အိုမင်းခြင်း၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။