ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၄၀) ၌ တီးတိုးစကားပြောခြင်းသည် သံသယစိတ်ကို ဖြစ်စေပြီး ယုံကြည်မှုနှင့် စည်းလုံးမှုများ ပျက်စီးစေတတ်ကြောင်း ဖြိုးရဲက သူငယ်ချင်းများကို ပြောပြထားသည့်အကြောင်း “တီးတိုးစကား” မျက်နှာဖုံးကာတွန်း၊ လောဘ၊ ဒေါသ၊ မောဟနှင့် အာဃာတတရားများ အကြောင်း ပုပုတို့ သူငယ်ချင်းများ သိရှိသွားသည်ကို “အသိ” နှစ်မျက်နှာကာတွန်း၊ ဧည့်သည်လာလျှင် ဟင်းကောင်းစားရမည်ဟု တွေးထားသည့် ရန်ပိုင်စိုးအကြောင်း သရုပ်ဖော်ထားသော “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ကောက်ကျစ်စဉ်းလဲပြီး လိမ်ညာသော မြေခွေးနှင့် သနားစိတ်ရှိပြီး မြေခွေးအပေါ် ယုံစားမိသည့် ဖျံတို့အကြောင်း သရုပ်ဖော်ထားသည့် “တစ်နပ်စားဉာဏ်” နှစ်မျက်နှာကာတွန်း၊ ရန်ဖြစ်တိုင်း သတ္တိရှိသည် မဟုတ်ဘဲ၊ သတ္တိဆိုသည်မှာ သုံးသင့်မှ သုံးရကြောင်း နားလည် သဘောပေါက်သွားသည့် မျောက်မူးလဲအကြောင်း သရုပ်ဖော်ထားသည့် “သတ္တိ” နှစ်မျက်နှာကာတွန်း၊ စာမေးပွဲဖြေရန် အထူးထုတ်စာအုပ်နှစ်အုပ် ဝယ်ယူရသည့် မျက်ခြယ်၏ အတွေးကို သရုပ်ဖော်ထားသည့် “မျက်ခြယ်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် လေထုအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ကမ္ဘာ့ လေထု” သုတဆောင်းပါးကဏ္ဍ၊ ဆရာ၊ ဆရာမတို့၏ ပီတိအပြုံး၊ ကျောင်းသား၊ ကျောင်းသူများ၏ ဝမ်းသာမှု အပြုံးနှင့် ပျော်တပြုံးပြုံးဖြင့် မေ့မရသော တစ်နေ့အကြောင်း ရေးသားထားသည် “ဆရာကန်တော့ပွဲ” ဝတ္ထုကဏ္ဍ၊ သူဌေးကြီးသည် သူ၏ ညီအစ်မလေးယောက်တွင် မည်သူက မည်သို့ ဉာဏ်ရှိသည်၊ နူးညံ့သည်၊ ယဉ်ကျေးသိမ်မွေ့သည်ကို သိလိုသဖြင့် စမ်းသပ်ထားသည့်အကြောင်း ရေးသားထားသည့် “ယဉ်ကျေးသိမ်မွေ့သူ” ပုံပြင်ကဏ္ဍနှင့် ကာတွန်းလက်ရာစုံလင်ပြီး အခြေခံအင်္ဂလိပ်စာများကို ဖော်ပြ ထားသော ရွှေသွေးစာစောင်ကို ဖတ်သင့်ကြောင်း ရေးသားထားသည့် “ရွှေသွေးစာစောင် ဖတ်ရအောင်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တိုက်ခန်းတွင်ရှိသော ရေပိုက်ရေယိုသဖြင့် ပိုက်ပြင်ဆရာကို ခေါ်ပြီး ပြင်ခိုင်းသည့်အကြောင်း ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ကလေးပန်းချီကဏ္ဍ၊ သုတကဏ္ဍ၊ ၀တ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍတို့ စုံလင်စွာ တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။