၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၄ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်တွင် စာအုပ် (၂၀) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Website တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါ အတိုင်း စုစည်း ဖော်ပြအပ်ပါသည် -
(၁) သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေခံများ အတွဲ (၂) - ဝင်းချစ် (အမျိုးသားစာပေဆုရှင်)၊ (၂) သကြားနှင့် အချိုတုများ ကြည်နူးဖွယ်ရာများနှင့် စိုးရိမ်ဖွယ်ရာများ သိပ္ပံနည်းကျ ဗဟုသုတသိသမျှ - ဒေါက်တာသန်းထိုက်၊ (၃) ချစ်သော အိုမီဂါ - ရဲကျော်၊ (၄) အခမဲ့နာရေးကူညီမှုအသင်း (ထောက်ကြံ့) ဖြစ်စဉ်သမိုင်း (၂၀၀၄-၂၀၂၄) - ဌေးကျော် (မဟာဝိဇ္ဇာ)၊ (၅) အချင်းကဗျာများနှင့် ထိတွေ့ခံစားခြင်း အနုပညာ - ပန်တျာမြကြည်၊ (၆) ရှုမျှော်ခင်းနဲ့အခန်း - နိုင်ဇော်၊ (၇) အမှားတော်များ၏ အမှာတော်ပုံ - ဝေလွင်မောင်၊ (၈) သစ်စေး (၆) ရွာ ရွှေအလယ်ကြောင်းနှင့် ပေပုရပိုက်လာ သမိုင်းမှတ်တမ်းများ - ကျော်ငွေ (ဧည့်လမ်းညွှန်)၊ (၉)လူတွေစမတ်ကျမှ မြို့တွေစမတ်ကျမည် - မြင့်မိုရ်ဆွေ၊ (၁၀) နှင်းချည်တဲ့ကြိုးနှင့် အခြားဝတ္ထုများ - နေဝေး၊ (၁၁) လေးယောက်သံပြိုင်တေးလေးပုဒ် - နိုင်ဇော်၊ (၁၂) အမှောင့်ပယောဂ DEMONS FYODOR DOSTOYEVSKY - ကိုနေ (မန်း) (မြန်မာပြန်)၊ (၁၃) မြန်မာတို့၏ ပျူကမ္ပည်းများ - မောင်မောင်သန်း၊ (၁၄) ပန်းမျိုးတစ်ရာ - သန်းထွန်း (RIT) (၁၅) ဖြူစင်သော အချစ်တို့နဲ့အတူ - မေသစ်ဦးကြည်၊ (၁၆) မြက်ဖျားက နှင်းခါး - မေခြယ်၊ (၁၇) အတိတ်ကာလမှ တိရစ္ဆာန်များ - ဦးတိုး (တက္ကသီလ)၊ (၁၈) မြန်မာ့ကျွန်း - ဝင်းချစ် (အမျိုးသားစာပေဆုရ)၊ (၁၉) မော်ဒန် စာစီစာကုံးနှင့် အဆိုဆွေးနွေးမှုများ - ဒေါက်တာဇော်လွင်၊ ဒေါက်တာသွင်သွင်အောင်၊ (၂၀) မူးမြစ်ရေ နောက်ကျိကျိ သောက်မိက မပြန်နိုင် - ရွှေမိုးတား ဝင်းကြည်ရွှေ