၁၄ - ၉ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၃၇)၌ အုန်းပင်တစ်ပင်၏ လူသားများအတွက် အသုံးဝင်ပုံနှင့် အကျိုးပြုပုံအကြောင်း ကို   သရုပ်ဖော်ထားသည့် “ကျွန်တော့်ကို ဆံပင်ညှပ်ပေးပါ” မျက်နှာဖုံးဇာတ်လမ်း၊ ယုန်ငမိုး၏ ခွင့်လွှတ်မှု ဖြင့် ကောက်ကျစ်သော မြေခွေးငဒိုးကို အနိုင်ယူခဲ့ပုံအကြောင်း သရုပ်ဖော်ထားသည့် “ရိုးသားသူ” နှစ်မျက်နှာကာတွန်း၊ ကတ်သီးကတ်သတ် ပြောတတ်သော မိချောအကြောင်းကို သရုပ်ဖော်ထားသည့် “ငရဲပြည်” တစ်မျက်နှာကာတွန်း၊ ရွှေသွေးတို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားအားထုတ်ကာ ကာတွန်းရေးဆွဲမည့် ဦးဇက်တီအကြောင်း  သရုပ်ဖော်ထားသည့် “ရွှေသွေးတို့ရဲ့ ကမ္ဘာ” နှစ်မျက်နှာ ကာတွန်း၊ မိဆုတို့ သူငယ်ချင်းများသည် ကိုယ်စီတတ်ထားသော ကိုယ်ခံပညာများဖြင့် လူဆိုးများကို ခုခံကာကွယ်ကြသည့်အကြောင်း သရုပ်ဖော်ထားသည့် “ကျားတော့ ကျား” နှစ်မျက်နှာကာတွန်းနှင့် ဖုန်းထဲတွင် ခေတ်နှင့်အညီ ရေးသားထားသည်များကို မိဆုနှင့် ပေါ်ဝိုင်းတို့ ပြောဆိုသည့်အကြောင်း သရုပ် ဖော်ထားသည့် “ခဏမေ့သွားတာပါ” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

မြန်မာဆိုရိုးစကားများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “အရိုးကို အရွက်မဖုံး စေနှင့်” သုတကဏ္ဍ၊ အဘွားပေးသော လက်စွပ်၏ အစွမ်းကြောင့်မဟုတ်ဘဲ သူမ၏ ပင်ကိုစွမ်းရည်ဖြင့် သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရခဲ့သူ သော်တာလေးအကြောင်း ရေးသားထားသည့် “မှော်လက်စွပ်” ပုံပြင် ကဏ္ဍ၊ သူလိုချင်တာမရ၍ မိဘများအပေါ် စိတ်ဆိုးမိသည့် ထွန်းတောက်အကြောင်း ရေးသားထားသည့် “ကျေးဇူးပါ”  ဝတ္ထုကဏ္ဍ၊ ဖြိုးရဲတို့သူငယ်ချင်းသုံးယောက်ထဲမှ မည်သူက ဘောလုံးဆီ အရင်ရောက်မလဲ ဆိုတာကို ကူပြီးအဖြေရှာပေးစေလိုသည့် “ဉာဏ်စမ်း” ကဏ္ဍ၊အင်္ဂလိပ်စာကဏ္ဍအနေနှင့် လေ့ကျင့်မှုများ ပြုလုပ်နိုင်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဥပမာဝါကျများ လေ့လာနိုင်မည့် “အသုံးဝင်သည့် နေ့စဉ်သုံး အထူး စကား အသုံးအနှုန်းများ” အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ သစ်ပင်များ၏ ကျေးဇူးကြီးမားပုံနှင့် သစ်တော သစ်ပင်များကို စိုက်ပျိုး၍ ထိန်းသိမ်းသင့်ကြောင်း ‌ရေးဖွဲ့ထားသည့် “သစ်တောသစ်ပင် ကျေးဇူးရှင်” ကဗျာ ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ