ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲ (တတိယနေ့) ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဌာန အရာထမ်း အမှုထမ်းများ၊ ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများအတွက် ရည်ရွယ်ကျင်းပသည့် စာပေဗိမာန် စာပေဟောပြော ဆွေးနွေးပွဲကို (၁၇-၈-၂၀၂၀) နေ့က စတင်ကျင်းပခဲ့ပြီး ယနေ့ (၃၁-၈-၂၀၂၀) တနင်္လာနေ့ မွန်းလွဲ ၁ : ၀၀ နာရီတွင် တတိယနေ့အဖြစ်  စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ဟောပြောဆွေးနွေးမည့် ဆရာဦးခင်စိုး (စိုးစိုး-ပန်းတောင်း) [စာတည်းမှူး-ငြိမ်း] နှင့် ဆရာဦးမျိုးအောင် (မျိုုးအောင်-ရုက္ခဗေဒ)၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာတည်းမှူးချုပ် (တာဝန်) ဒေါ်တင်တင်ဝင်း၊ စာတည်းမှူးများ၊ စာတည်းဌာနမှ အရာထမ်း အမှုထမ်းများ၊ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်မှ ဝန်ထမ်းများ တက်ရောက်သည်။

ဟောပြောပွဲတွင် စာတည်း ဒေါ်ကြည်ကြည်မြင့်က ဟောပြောမည့် ဆရာဦးခင်စိုး (စိုးစိုး-ပန်းတောင်း) [စာတည်းမှူး-ငြိမ်း] နှင့် ဆရာဦးမျိုးအောင် (မျိုုးအောင်-ရုက္ခဗေဒ) တို့၏ ကိုယ်ရေးအကျဉ်းကို မိတ်ဆက်တင်ပြပြီး  ဆရာဦးခင်စိုး (စိုးစိုး-ပန်းတောင်း) [စာတည်းမှူး-ငြိမ်း] က သုတပဒေသာ စာစောင်ဘာသာပြန်ခြင်းနှင့် တည်းဖြတ်ခြင်းအတွေ့အကြုံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဆရာဦးမျိုးအောင် (မျိုုးအောင်-ရုက္ခဗေဒ) က မူပိုင်ခွင့်နှင့်အာရှစာပေထုတ်ဝေရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးသည်။

အဆိုပါဆွေးနွေးဟောပြောပွဲအပြီးတွင် တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ဂုဏ်ပြုပြီး စာတည်းမှူးချုပ် (တာဝန်) ဒေါ်တင်တင်ဝင်းက ကျေးဇူးတင်စကားပြောကြားကာ ဟောပြောဆွေးနွေးပွဲကို မွန်းလွဲ ၃ : ၃၀ တွင် ရုတ်သိမ်းလိုက်သည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲကို စာပေဗိမာန်စာတည်းဌာနနှင့် စာကြည့်တိုက်ဌာနမှ အရာထမ်း အမှုထမ်းများ ဉာဏစွမ်းရည်မြင့်မားတိုးတက်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

img-9852

img-9856

img-9861

img-9864

 

အကြံပြုစာ/တိုင်ကြားစာ