ပခုက္ကူစာပေဆုရ စာအုပ် ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ကဗျာပေါင်းချုပ် ပထမဆုရရှိသော ဌေးသစ်လွင် (ပရိမ္မ) ၏ “ခယောင်းလမ်းက ပန်းသစ္စာကဗျာများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက် ရှိသည်။

အဆိုပါစာအုပ်တွင် ကဗျာ ၇၀ ပုဒ် ပါရှိသည်။ ကဗျာရှင်သည် ဝါရင့် ကဗျာဆရာတစ်ဦး ဖြစ်သည့်အလျောက် “ခယောင်းလမ်းက ပန်းသစ္စာကဗျာများ” ကို မြန်မာကဗျာဖွဲ့ထုံး နည်းစနစ် များနှင့် ညီညွတ်ပြီး သုတ၊ ရသနှင့် အနုပညာအလှများ စုံလင်စွာရေးဖွဲ့ထားသည်။ လေးလုံးစပ် ကဗျာ၊ ဒွေးချိုးနှင့် လေးဆစ်အချိုးတွဲ ကဗျာများ၊ လေးချိုးကဗျာများ၊ အိုင်ချင်းကဗျာများ၊ မြန်မာကဗျာဖွဲ့နည်းများအတွင်းမှ တီထွင်ဆန်းသစ်ရေးဖွဲ့ထားသည့် ကဗျာအချို့အပြင် အညာ ကျေးလက် အလှကဗျာများ၊ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းများကို ဖော်ကျူးသည့် ကဗျာများ၊ နိုင်ငံ ချစ်စိတ် ရှင်သန်ရေးနှင့် အမျိုးသားရေးကဗျာများ၊ လူငယ်တို့သဘာဝ ချစ်ခြင်းမေတ္တာဖွဲ့ကဗျာများ၊ အတွေးအမြင်ကဗျာများ စသည်တို့ကို တင်ပြပုံအမျိုးမျိုးဖြင့်ဖွဲ့ဆိုထားသည့် ကဗျာစာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။


 

အကြံပြုစာ/တိုင်ကြားစာ