စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ကစာပေဗိမာန် စာမူဆု၊ ဘာသာပြန်စာပေ ပထမဆုရရှိသည့် စာရေးသူ သုတေသီမောင်ဟန်၏‘ရာသီဥတု ပြောင်းလဲမှု’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ယနေ့ကမ္ဘာ့နိုင်ငံများ၌ အလေးထားဖြေရှင်းနေရသည့် ပြဿနာကြီးတစ်ခုမှာ ‘ကမ္ဘာ့ရာသီဥတု’ပြောင်းလဲမှုဖြစ်သည်။ ယင်းပြဿနာကို ဖြေရှင်းရန် နိုင်ငံတကာ လူ့အဖွဲ့အစည်းကြီးက အစည်းအဝေးအမျိုးမျိုးကျင်းပကာ အဖြေရှာနေကြသော်လည်းကမ္ဘာကြီး၏ ရာသီဥတုမှာ ပို၍ဆိုးကျိုး များကို ကြုံတွေ့လာရသည်။ ယင်းပြဿနာကိုအခြေခံ၍ သုတေသနပြု ထားသည့် Robert Henson ရေးသားပြုစုသော ‘Climate Change’စာအုပ်မှ အခန်း ငါးခန်းကို ဘာသာပြန်ဆိုထားသော စာအုပ် ဖြစ်ပါသည်။

ယင်းစာအုပ်တွင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပေါ်ပေါက် လာရသည့် အဖြစ်ဆိုးများ၊ လူပေါင်းသိန်းချီ၍ သေဘေးကြုံခဲ့ရသည့်ဖြစ်ရပ်များ၊ စီးပွားရေး၊ လူမှုရေးထိခိုက်မှုများ၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ တိုးပွားလာမှု၏ အနိဋ္ဌာရုံများကိုအသေးစိတ်ဖော်ပြထားသည်။ အလွန်အမင်း ပူပြင်းခြင်းနှင့် ဆက်စပ် နေသော ရေလွှမ်းမိုးမှု၊မိုးခေါင်မှု စသည်တို့ကို ကမ္ဘာ့နိုင်ငံအချို့၏ဖြစ်ရပ်များနှင့် နှိုင်းယှဉ်တင်ပြ ထားသော ဘာသာပြန်စာပေဆုရ စာအုပ်ဖြစ်ပါသည်။ 

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိစာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာ ယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ