ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ကပခုက္ကူစာပေဆု ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးဆရာ မောင်ငြိမ်းမွန် (ချောင်းဦး)၏‘စပါးတစ်ပြည် ပတ္တမြားတစ်ခြည်’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် အထက်အညာဒေသမှာ မြစ်ရေတင်စနစ်ကြောင့် စပါးအပါအဝင်တစ်နှစ် သုံးသီးစား စိုက်ပျိုးနိုင်ပြီး တောင်သူများ၏ဘဝ တိုးတက်လာစေရေးနှင့်ဒေသဖွံ့ဖြိုးရေးကို ဦးတည်ပြီး တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ စိတ်တူကိုယ်တူပူးပေါင်းဆောင်ရွက်ကြပါက လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အမှန်တကယ်ကူးပြောင်းနိုင်မှာဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း၊ တောင်သူ လယ်သမားအချင်းချင်းအပြန်အလှန်ရိုင်းပင်းကူညီကြရုံမျှသာမကတောင်သူလယ်သမားများနှင့်ဝန်ထမ်း များကလည်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိရေးအတွက်ဟန်ချက်ညီညီ၊ တက်တက် ကြွကြွ ပူးပေါင်းဆောင်ရွက်ကြပုံများကို ကျေးလက်နေ တောင်သူလယ်သမားများ၏ လူနေမှုဘဝများနှင့် ဝန်ထမ်းများ၏ ဘဝများကို မေတ္တာ၊ အကြင်နာ၊စေတနာများနှင့် ထင်ဟပ်ပြီး ပီပြင်ပေါ်လွင်အောင် ရေးသားထားသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိစာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ်၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။