၂၉ - ၆ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၆) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၂၆)၌ ဉာဏ်ပညာရှိသူ၏ စကားကို လိုက်နာကျင့်သုံး၍ အသက်ဘေးမှ လွတ်မြောက်ခဲ့သော ဘုရင်ကြီးနှင့် မိမိ၏ အတတ်ပညာဖြင့် ဒုက္ခရောက်နေသူကို ကူညီပေးခဲ့၍ ကောင်းကျိုးများ ခံစားခဲ့ရသော မောင်ပုညတို့အကြောင်းကို ရေးဖွဲ့ထားသည့် “မေတ္တာနှင့် နေရာ” မျက်နှာဖုံးဇာတ်လမ်း၊ အပြောကြီးလွန်း သော ဝိတ်ပေါနှင့် သူ၏အဖော် ဖိုးချွန်းတို့ တောထဲတွင် ကျော့ကွင်းထောင်၍ သားကောင်ဖမ်းဆီးပုံကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် ကျော့ကွင်း” နှစ်မျက်နှာကာတွန်း၊ မိမိ၏ ဝမ်းစာအတွက် မိမိဘာသာ ရှာဖွေစားသောက်ခြင်း မပြုဘဲ သူတစ်ပါးကို မှီခိုစားသောက်မိ၍ အသက်ဘေး နှင့် ကြုံတွေ့ခဲ့ရသည့် မြေခွေးအကြောင်းကို ရေးဖွဲ့ထားသည့်  “အချောင်လိုက်တဲ့ မြေခွေး” နှစ်မျက်နှာ ကာတွန်း၊ ဦးလေးဖြစ်သူထံမှ မုန့်ဖိုးပိုမိုရရှိရန် ပြောဆိုတတ်သော ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး”နှစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ပြောတတ်သော ဟန်သီမအကြောင်းကို ရေးဖွဲ့ထားသည့် “ဟန်သီမ”  တစ်မျက်နှာကာတွန်းနှင့်  ကျောင်းအုပ်ဆရာကြီး မေးမြန်းသည့် ချိုသောအသီးသုံးမျိုးအကြောင်းကို သူ၏ရှေ့မှ ဖြေကြားခဲ့သူ၏ အဖြေအတိုင်း အတုယူဖြေကြားခဲ့သည့် ဉာဏ်ကောင်းသော ကေဇော်အကြောင်းကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “အတူတူပဲ” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

 ရှေးခေတ်အခါ၌ ကျောက်သားများပေါ်၌ စာများထွင်းထုရေးသား၍ အသုံးပြုခဲ့ကြသည်ကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “ကျောက်စာအကြောင်း သိမှတ်ဖွယ်ရာ”  သုတဆောင်းပါးကို တင်ဆက် ထားပါသည်။ အသက်ကြီးသူ၏ လမ်းညွှန်ပြသမှုအတိုင်း လိုက်နာဆောင်ရွက်ခဲ့၍ လှောင်အိမ်အတွင်းမှ လွတ်မြောက်အောင် ကြံစည်နိုင်ခဲ့သော ကြက်တူရွေးလေးအကြောင်းကို ရေးဖွဲ့ထားသည့် “သက်ကြီး စကား အလေးထား” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာ များကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့ စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် ကလေး များကို အဆင်းရော အချင်းပါ လှပအောင် နေထိုင်သင့်ကြောင်း ရေးဖွဲ့ထားသည့် “အဆင်းနဲ့ အချင်း” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် အိမ်ငှားနေသူက အိမ်ပိုင်ရှင်ထံ အိမ်ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ပြောကြားပုံနှင့် ပြောင်းရွှေ့ရသည့် အကြောင်းရင်းကို အပြန်အလှန် ပြောဆိုပုံအမျိုးမျိုးဖြင့် လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ