၁၅-၆-၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၄)ထွက်ရှိ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၄)၌ သူတစ်ပါးအပေါ် မကောင်းကြံတတ်သည့် မြွေပါကို ကိုယ်ချင်းစာစိတ် ဖြစ်စေရန် သင်ခန်းစာ ပေးလိုက်သည့် ယုန်ကလေးတို့အကြောင်း သရုပ်ဖော်ထားသည့် ဆိုးသွမ်းတဲ့ မြွေပါအတွက် ယုန်ကလေးရဲ့ သင်ခန်းစာမျက်နှာဖုံးကာတွန်း၊ ကျွဲရိုင်း၏ ရန်ကို နှိမ်နင်းပေးရန် ကြိုးစားသည့် ဖိုးချွန်း၊ ဝိတ်ပေါနှင့် အသက်မသေဘဲ ရှင်သန်နေသည့် ကျွဲရိုင်းကြီးအကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် ဖိုးချွန်း၊ ဝိတ်ပေါနှင့် ကျွဲရိုင်းနှစ်မျက်နှာကာတွန်း၊ အချင်းချင်း တက်ညီလက်ညီဖြင့် ကျောက်ခဲလေးများကို ရေအိုးထဲထည့်ကြရာက ရေအိုးထဲက ရေကို သောက်နိုင် ခဲ့ကြသော ဖိုးကဲ၊ အော်အွတ်၊ ဂတ်ဂတ်နှင့် ထိပ်ကွက်တို့အကြောင်း တင်ဆက်ထားသည့် မခိုမကတ်ကြေးနှစ်မျက်နှာကာတွန်း၊ သတ္တရှိခြင်းနှင့် မိုက်ရူးရဲဆန်ခြင်းကို ခွဲခြားမသိဘဲ တလွဲ လုပ်ခဲ့မိသော မှုံကြီးအကြောင်း တင်ဆက်ထားသည့် သတ္တိဆိုတာနှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင်အဖြစ် ဆရာကြီး ပီမိုးနင်း၏ တကယ့် လူချွန်စာအုပ်ကို ပေးဖြစ်ပုံအကြောင်း ရေးဖွဲ့ထားသည့် ရန်ပိုင်စိုးတစ်မျက်နှာကာတွန်းနှင့် မေမေ့စကားကို လိုက်နာ၍ ရေခဲမုန့်ကို တစ်ဇွန်းပဲ စားမည်ဆိုသော “ဘယ်ကျော်” အကြောင်း သရုပ်ဖော်ထားသည့် မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ကမ္ဘာပေါ်ရှိ အင်းဆက်မျိုးဆက်တို့၏ ခန္ဓာဗေဒဖြစ်တည်ပုံနှင့် ရှင်သန် နေထိုင်မှုများအကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ဆရာမကြီး ‌ဒေါ်သန္တာ လင်းပိုင်နှင့် မသန်စွမ်းကလေးများ စာသင်ခန်းမှ ရေသတ္တဝါတို့၏ ဟန်ချက်ညီညီ ကြိုးစား အားထုတ်မှုကြောင့် ရေအောက်ကမ္ဘာကျောင်းကြီးသည် ကမ္ဘာကျော်သွားခဲ့ပုံအကြောင်း ရေးဖွဲ့ထား ပါသည်။ ဝတ္ထုကဏ္ဍတွင် ကစားရာတွင် မိမိအတွက် ဘေးအန္တရာယ်ဖြစ်စေမည့် ကစားနည်းမျိုးကို ရှောင်ရှားပြီး ကိုယ်လက် ကြံ့ခိုင်မည့် ကစားနည်းမျိုးကို ကစားတတ်ရမည်ဖြစ်ကြောင်း တင်ဆက် ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက် ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဆေးရောင်ခြယ် ကဏ္ဍနှင့် ကျောင်းမှန်မှန်တက်ပြီး စာကို ရည်ရွယ်ချက်ဖြင့်  ဇွဲလုံ့လထား  ကြိုးစားလျှင် အတန်းထဲ၌ ပထမဆုရနိုင်ကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းနီခိုင် (မောင်တော) ၏ ရည်ရွယ်ချက်နဲ့ ကြိုးစားသူကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အိမ် ပြောင်းသောအခါ ပစ္စည်းများ သယ်ယူရွှေ့ပြောင်းရာတွင် ရွှေ့ပြောင်းချင်သော ပစ္စည်းနှင့် ရွှေ့ပြောင်းလိုသည့် နေရာကို အပြန်အလှန်မေးမြန်းပြောဆိုပုံအကြောင်း အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားပုံကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ