၂၀ - ၄ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၆) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၆) ၌ လူသားတွေအတွက် အမောပြေစေပြီး အေးချမ်းမှုကို ပေးစွမ်းသည့် သောက်ရေ အိုးလေးအကြောင်း တင်ဆက်ထားသည့် “ရေအိုးလေးက ရေးတဲ့စာ” မျက်နှာဖုံးကာတွန်း၊ ခွေးကလေး တိုးပွားမှာ ကစားဖော် ဆိတ်ကလေးရရှိသွားသည့်အတွက် ဝမ်းသာသွားသည့်အကြောင်း တင်ဆက်ထား သည့် “ကစား‌ဖော်” နှစ်မျက်နှာကာတွန်း၊ ဖိုးလပြည့်မှာ ဖြစ်ချင်တာတွေ များနေသည့်အတွက် သူငယ်ချင်းက စွယ်စုံရတဲ့ ရုပ်ရှင်မင်းသား လုပ်မှာကိုးဟု နောက်ပြောင်ထားသည့်အကြောင်း တင်ဆက် ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်း၊ ကောက်ကျစ်စဉ်းလဲသော မြေခွေးကို အနိုင်ယူကာ စဉ်းစားဆင်ခြင်တတ်သွားသည့် ခြင်္သေ့အကြောင်း တင်ဆက်ထားသည့် “စဉ်းစားဆင်ခြင်တတ်ပြီ” နှစ်မျက်နှာကာတွန်း၊ ကလေးကို မုန့်ကျွေးလိုက်သည့်အတွက် မုန့်များ ပြန်လည်ရရှိသွားသည့် ဖြိုးရဲ အကြောင်းကို တင်ဆက်ထားသည့် “မထူးဆန်းဘူး”  နှစ်မျက်နှာကာတွန်းနှင့် ဘာမေးမေး မသိပါဘူး ဟုသာ ဖြေသော ဖိုးကျော်အကြောင်း တင်ဆက်ထားသည့် ဖိုးကျော်ပါဝင်သည့် “မသိတာတွေ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

အုန်းစိမ်းရည်သည် ခန္ဓာကိုယ်အတွက် ဆေးဘက်ဝင်ပြီး အာဟာရဓာတ်များစွာ  ပါဝင်ကာ ကျန်းမာရေးအတွက် ကောင်းကျိုးများ ပေးစွမ်းသည့်အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ကျန်းမာရေးကို အကျိုးပြုသည့် အုန်းစိမ်းရည်” သုတကဏ္ဍ၊ လူဆင်းရဲပေမဲ့ စာရိတ္တမဆင်းရဲသည့် ထွန်းတောက်နှင့် ကျော်အောင်တို့ သူငယ်ချင်းနှစ်ယောက်အကြောင်း ရေးသားထားသည့် “ဆင်းရဲ သော်လည်း” ဝတ္ထုကဏ္ဍ၊ မြေခွေးသည် သူ့ကို  အစာရှာဖွေကျွေးမွေးနေသည့် ကျေးဇူးရှင်ကျီးကန်းကို  ပြစ်မှားမိ၍ ဒုက္ခရောက်ရသည့်အကြောင်းကို ရေးသားထားသည့် “တစ်လုတ်စားဖူး သူ့ကျေးဇူး အထူး သိတတ်ပါ” ပုံပြင်ကဏ္ဍနှင့် မြန်မာ့ရိုးရာ သင်္ကြန်အခါတွင် ရေပက်ကစားပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ငါးလွှတ်ပွဲနှင့် နှစ်သစ်ကူးပွဲ ကျင်းပပုံတို့ကို ရေးဖွဲ့ထားသည့် “နှစ်ကူးချိန်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ