ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၅)၌ စကားကို ကြွားဝါပြောဆိုတတ်သော်လည်း အလုပ်လုပ်ကိုင်ရာ၌ အလွဲလွဲအချော်ချော် လုပ်ဆောင်တတ်သော မစ္စတာကွာတာဖူးလ်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးစိန်လည်း သားကောင်” မျက်နှာဖုံးဇာတ်လမ်း၊ အိမ်အလုပ်မလုပ်ဘဲ ကစားမက်လွန်းရာမှ ဖခင်၏ အပြစ်ပေးခြင်းခံရသော ကီးကီ အကြောင်းကို ရေးဖွဲ့ထားသည့် “ကီးကီနှင့် သန့်ရှင်းရေး” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး ဒုက္ခရောက် နေသည်ကို ကူညီကယ်ဆယ်ပေးခဲ့၍ မိမိဒုက္ခရောက်သည့်အခါ၌လည်း အကူအညီ ပြန်လည် ရရှိခဲ့ပုံကို ရေးဖွဲ့ထားသည့် “ကူညီ ရိုင်းပင်းပါ” နှစ်မျက်နှာကာတွန်း၊ မိမိအစွမ်းသတ္တိများကို သူ့နေရာနှင့်သူ လိုအပ် သည့်နေရာများတွင် အသုံးချသင့်ကြောင်း ရေးဖွဲ့ထားသည့် “သတ္တိ” နှစ်မျက်နှာကာတွန်း၊ အကြောင်းအရာ တစ်ခုကို သေသေချာချာမသိဘဲ ထင်မိထင်ရာဖြင့် ပြောဆိုပါက အမှားဖြစ်တတ်ပုံကို ရေးဖွဲ့ထားသည့် “မသောက်ချင်ပါဘူးကွာ” တစ်မျက်နှာကာတွန်း၊ ကြက်တူရွေးနှစ်ကောင်၏ ဈေးနှုန်းကွာခြားပုံကို ပြောဆို နေကြသော ဖောင်းဖောင်းတို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖောင်းဖောင်း- ဆရာကြီး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် မြန်မာ့ရိုးရာ ခြင်းလုံးကစားခြင်းအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက် ထားသည့် “ခြင်းလုံးခတ် ကစားနည်း” သုတဆောင်းပါးကဏ္ဍကို တင်ဆက်ထားပါသည်။ ကလေးများ အနေဖြင့် သူငယ်ချင်းအချင်းချင်း မနာလိုဝန်တိုစိတ်မထားဘဲ တစ်ဦးနှင့် တစ်ဦး မေတ္တာထားရမည် ဖြစ်ကြောင်း ပညာပေး ရေးဖွဲ့ထားသည့် “မုဒိတာအလှ” ဝတ္ထုနှင့် မိမိ၏ လောဘကြောင့် အိပ်မက်ထဲမှ အဘိုးအားပေးခဲ့သော ကတိသစ္စာကို ချိုးဖောက်မိ၍ ဒုက္ခရောက်ခဲ့ရသော မောင်ကောင်းအကြောင်းကို ရေးဖွဲ့ထားသည့် “အစွမ်းထက်သော ကျောက်ဖြူလုံးလေး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထား သောရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှခြယ်ကြရ အောင်” ဉာဏ်စမ်းနှင့် ညအခါလသာသာတွင် ရွာဓလေ့ ကလေးများ ပျော်ပျော်ရွှင်ရွှင်ကစားကြပုံကို ရေးဖွဲ့ ထားသည့် “ရွာလယ်က ကစားကွင်း” ကဗျာတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် သူငယ်ချင်းဖြစ်သူ ကျော်မောင်၏ ပါတီပွဲပယ်ဖျက်ခဲ့ခြင်းနှင့် ပယ်ဖျက်ရသည့် အကြောင်းရင်းကို ပြောဆိုပုံအမျိုးမျိုးဖြင့် တင်ဆက်ထားသည့် “Useful Everyday Idioms” ကို လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။