ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ စာပဒေသာ တတိယဆု ရရှိသည့် စာရေးဆရာ နွေကံ့ကော် (မြို့လှ) ၏ “အတွေ့အကြုံ အဖုံဖုံ ပြည်ပ ပညာတော်သင် မှတ်တမ်းစုံ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
“အတွေ့အကြုံ အဖုံဖုံ ပြည်ပ ပညာတော်သင် မှတ်တမ်းစုံ” စာအုပ်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ပညာသင်ကြားခဲ့ရသည့် စာရေးသူ၏ပညာတော်သင် အတွေ့အကြုံများကို “ရုရှားသို့ ထွက်ခွာခြင်း နှင့် ပထမနှစ်ကျောင်းသားဘဝ အတွေ့အကြုံများ၊ ဒုတိယနှစ် ကျောင်းသားဘဝ အတွေ့ အကြုံများ၊ တတိယနှစ်ကျောင်းသားဘဝ အတွေ့အကြုံများ၊ မှတ်သားမိသမျှ ရုရှားအကြောင်း၊ အလှည့်ကျလို့ ပြန်ရပြီနှင့် ယူခဲ့ ချန်ခဲ့သော အရာများ၊ ရုရှားဗျည်း ၃၃ လုံးနှင့် ၎င်းတို့၏ အသံထွက်များ၊ မှတ်တမ်းဓာတ်ပုံများ” ကို အခန်း (၅) ခန်းဖြင့် စုစည်းတင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။