၈ - ၇ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၅)၊ အမှတ်(၂၇)၌ မျိုးစေ့များစိုက်ပျိုးရန် သူတစ်ပါး၏ အကူအညီ မရရှိ၍ မိမိတို့ မိသားစုဝင်များ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စိုက်ပျိုးခဲ့ရာမှ အောင်မြင်ဖြစ်ထွန်းသော ပြောင်းဖူးများ ရရှိလာပုံကို ရေးဖွဲ့ထားသည့် “ကိုယ်ထူကိုယ်ထ” မျက်နှာဖုံးကာတွန်း၊ ဉာဏ် အမြော်အမြင်ကြီးမားသော ခေါင်းဆောင်ဖားကြီး၏ သတိပေးစကားကို နားမထောင်ဘဲ မိမိနှင့် စရိုက် မတူသူကို အပေါင်းအသင်းလုပ်မိ၍ ဒုက္ခနှင့်တွေ့ကြုံခဲ့ရသော ဖားလေးအကြောင်းကို တင်ဆက် ထားသည့် “အပေါင်းအသင်း” နှစ်မျက်နှာကာတွန်း၊ သံတမန်တစ်ဦး၏ မေးခွန်းများကို ယုတ္တိရှိရှိဖြင့် ပညာဉာဏ်သုံးကာ ပြန်လည်ဖြေကြားခဲ့သော ပညာရှိလေးမောင်ဉာဏအကြောင်းကို  တင်ဆက် ထားသည့်“မောင်ဉာဏနဲ့ မေးခွန်းသုံးခွန်း” သူတစ်ပါးကို အနိုင်ကျင့်ကာ ပေါက်စီလုစားတတ်သော ဗိုက်ပူကို နောင်လုမစားရဲတော့အောင် ပညာပေးဆုံးမခဲ့သည့် ချက်စူအကြောင်းကို ရေးဖွဲ့ထားသည့် “ချက်စူနဲ့ ဗိုက်ပူ” နှစ်မျက်နှာကာတွန်း၊ အမှိုက်ထုပ်ကိုဖောက်ကာ လမ်းတွင်အမှိုက်များကျအောင် ပြုလုပ်သည့် ဖိုးတစ်တိုကို သူ၏ အမေက ဆုံးမထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊     ဖိုးလပြည့်က သူ၏ အန်တီအကြောင်းကို သူ့သူငယ်ချင်းနှင့် တွေ့ဆုံရာ၌ ပြောဖြစ်ကြပုံအကြောင်း ရေးဖွဲ့ထားသည့် ကာတွန်းမောင်တင်ယု၏ ¬¬“ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထား ပါသည်။

ကလေးများအတွက် ငွေကြေးဆိုင်ရာ အကြောင်းအရာများနှင့် ငွေကြေး၏ အသုံးဝင်ပုံတို့ကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “ကစ်ဒီနောမစ်” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ရိုးသားဖြောင့်မတ်သော စိတ်ထားရှိ၍ သူဌေး၏ယုံကြည်စိတ်ချမှုကို ရရှိသွားသည့် မောင်ပညာ အကြောင်းကို ရေးဖွဲ့ထားသည့် “ ရိုးသားမှု၏တန်ဖိုး” ပုံပြင်နှင့် ကျောင်းသားကျောင်းသူများ အနေဖြင့် စာသင်ရာ၌ နေရာထိုင်ခုံ ရှေ့နောက်ဖြစ်ခြင်းသည် စာတော်ခြင်း၊ စာညံ့ခြင်းနှင့် မသက်ဆိုင်ဘဲ ကြိုးစားမှုနှင့်သာ သက်ဆိုင်ကြောင်း ရေးဖွဲ့ထားသည့် “ကြိုးစားအားထုတ်မှုသာ အဓိက” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသော ရုပ်ပုံကို မိမိတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်း၊ ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့်  ကလေးများအား တောရွာများတွင် နံနက်စောစော၌ ပြုကျင့်လေ့ရှိသော ချစ်စရာဓလေ့များကို လေ့လာနိုင်စေရန် ဗဟုသုတရဖွယ် ရေးဖွဲ့တင်ဆက်ထားသည့် “နံနက်ချိန်ခါ တို့ကျေးရွာ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေနဲ့ လှုပ်ရှားမှု၊ ရွေ့လျားမှု၊ ဦးတည်မှုကို ပြဆိုသည့် Preposition များကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။    
 

အကြံပြုစာ/တိုင်ကြားစာ