စာရေးသူ မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)ရေးသားသည့် ‘မြန်မာသွေး’ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ပြဇာတ်စာပေ ပထမဆု ရရှိသည့် စာရေးဆရာ မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်) ၏ “မြန်မာ့သွေး” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်သည် မြန်မာနိုင်ငံ နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်ကျရောက်ခဲ့စဉ်က သူ့ကျွန်မခံ ဆန့်ကျင်တွန်းလှန်ခဲ့သောမြန်မာ့မျိုးချစ်ပြောက်ကျား‌ခေါင်းဆောင်ဗိုလ်မြတ်ထွန်းအကြောင်း နောက်ခံထားပြီး   ရေးဖွဲ့တင်ပြထားသည့်ပြဇာတ်စာအုပ်တစ်အုပ်ဖြစ်ပြီး အခန်းပေါင်း ၁၆ ခန်းပါဝင်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ