စာရေးသူ ဇလွန်ကျော်ဦး ရေးသားသည့် ‘ပန်းပြလမ်းနှင့် အခြားကဗျာများ’ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု ကဗျာပေါင်းချုပ် တတိယဆုရရှိသည့် စာရေးဆရာ ဇလွန်ကျော်ဦး ၏ “ပန်းပြလမ်းနှင့် အခြားကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် စာမျက်နှာပေါင်း (၁၂၃) မျက်နှာနှင့် ကဗျာအပုဒ်ပေါင်း (၈၉) ပုဒ် ပါဝင် သည်။ လေးလုံးစပ်၊ လေးချိုး၊ လေးဆစ်ချိုး စသည်ဖြင့် မြန်မာကဗျာဖွဲ့နည်းအသင့်အတင့် စုံလင်ပြီး နည်းစနစ်မှန်ကန်စွာ ဖွဲ့ဆိုထားသည်ကိုလည်း တွေ့ရသည်။ နိုင်ငံချစ်စိတ်ဖွံ့ဖြိုးစေမည့် ကဗျာများ၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းကြစေရန် စေ့ဆော်သည့် ကဗျာများ၊ မိဘမေတ္တာဖွဲ့ ကဗျာများ၊ အတွေး အမြင် ကဗျာများ၊ ကျေးလက်အလှ ကဗျာများ စသည်ဖြင့် အကြောင်းအရာလည်း စုံလင်ပြီး သုတ၊ ရသ မျှတစွာပေးသည့်အပြင် အကြောင်းအရာနှင့် တင်ပြပုံများလည်း ကောင်းမွန်စွာ ရေးဖွဲ့ထား သဖြင့် ဖတ်ရှုဖွယ်ကောင်းသော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၃၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ