၁ - ၇ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၆) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ(၅၅)၊ အမှတ်(၂၆) စည်းကမ်းမရှိသည့်အတွက် ပုံဆွဲခဲတံလေးပျောက်ဆုံးသွားသော်လည်း ကံကောင်းစွာ ပြန်လည်တွေ့ရှိသွားသည့်အကြောင်း တင်ဆက်ထားသည့် “ကြွက်နှင့် ခဲတံလေး” မျက်နှာဖုံးကာတွန်း၊ မြန်မာ့ရိုးရာသိုင်းပညာကို သင်ချင်ပြီး သူတစ်ပါးကို ကူညီချင်သော နိုးတူးနှင့် သိုင်း ဆရာကြီးတို့ တွေ့ဆုံမိသည့်အကြောင်း တင်ဆက်ထားသည့် “နိုးတူးနှင့် တုံတုံ” နှစ်မျက်နှာကာတွန်း၊ အမေဖြစ်သူက “သားသမီးမကောင်း ဘယ်သူ့ခေါင်းလဲ” ဟု ဖူးငယ်ကို မေးသောအခါ သူ့အတွေးဖြင့် ပြန်ဖြေထားသည့်အကြောင်း တင်ဆက်ထားသည့် “ဖူးငယ်” တစ်မျက်နှာကာတွန်း၊ ကလေးတို့သဘာဝ စူးစမ်းလေ့လာတတ်ပုံ၊ အမေးအမြန်းထူပုံကို တင်ဆက်ထားသည့် “မေးခဲ့ဖူးတယ်” နှစ်မျက်နှာကာတွန်း၊ ဗဟုသုတရမည့် စာအုပ်တွေ ဖတ်သင့်ကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း အချင်းချင်း မိမိတို့၏ အဘိုးများ အသက်ရှည်ကြပုံကို စကားနိုင်လု၍ ပြောဆိုခြင်းအကြောင်း တင်ဆက်ထားသည့် “အာတူးနဲ့ လိပ်ပု” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ကျန်းမာရေးအတွက် လွန်စွာအကျိုးပြုပြီး ခန္ဓာကိုယ်အတွက် လိုအပ်သောဓာတ် များစွာ ပါဝင်သည့်အကြောင်း ဗဟုသုတဖြစ်ဖွယ်ရေးသားထားသော “ကျန်းမာရေးအတွက် ကောင်းကျိုးများ ပေးစွမ်းသည့် ရုံးပတီသီး” သုတဆောင်းပါးကဏ္ဍ၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ် ထားမိသော ထွန်း‌တောက်သည် သူကိုယ်သူ အကောင်းဘက်ကို ပြောင်းလဲသွားသည့်အကြောင်း ရေးသားထားသည့် “လှိုင်းထလို့ ယိမ်းမိသည့်ပန်း” ဝတ္ထုကဏ္ဍ၊ ရှင်ဘုရင်က ထန်းသမားအား ကျေးဇူးဆပ်သည့်အနေဖြင့် ရှင်ဘုရင်ဖြစ်ရင် ဘာလုပ်မည်နည်းဟုမေးရာ ကျုပ်စိတ်ကြိုက်အကောင်းဆုံး ထန်းပင်တွေ ရွေးပြီး တက်မည်ဆိုသည့်အကြောင်း ရေးသားထားသည့် “ထန်းတက်မည့် ရှင်ဘုရင်” ပုံပြင်ကဏ္ဍ၊ ဝါဆိုလတွင် ရဟန်းသံဃာများအား ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပုံ၊ ဆည်မြောင်း ချောင်းကန်များ ရေပြည့်လျှံ၍ သီးနှံများဖြစ်ထွန်းပုံနှင့် သစ်တောသစ်ပင်များ စိမ်းစိုပုံကို ရေးဖွဲ့ထားသည့် “လမြတ်ဝါဆို” ကဗျာကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာကဏ္ဍအနေနှင့် တက္ကသိုလ်တက်နေသော သူငယ်ချင်းကျောင်းသားအချင်းချင်း နေ့လယ်စာ ဝယ်စားမည့်အကြောင်း အပြန်အလှန်ပြောဆိုပုံကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်          အရောင်း ဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ