စာရေးသူ လွင်မြန်မာ(မန်းတက္ကသိုလ်)ရေးသားသည့် ‘မော်ကွန်းကဗျာအညွှန်း’ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ သုတပဒေသာ(ဝိဇ္ဇာ) တတိယဆုရရှိသည့် စာရေးသူ  လွင်မြန်မာ (မန်းတက္ကသိုလ်)၏ ‘မော်ကွန်းကဗျာအညွှန်း’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် မြန်မာစာပေသမိုင်း၌ ပေါ်ပေါက်ဖြစ်ထွန်းခဲ့သော “မော်ကွန်းကဗျာများ” ထဲမှ လူသိများထင်ရှားသော အကြောင်းအရာမတူသည့် ‘မော်ကွန်း’ ရှစ်စောင်နှင့် ၎င်းမော်ကွန်းများ ရေးဖွဲ့သော ‘မော်ကွန်း’စာဆို ခြောက်ဦး၊ ရဟန်းနှစ်ပါးနှင့် လူပုဂ္ဂိုလ်လေးဦးတို့၏ အကြောင်းအရာ နှင့် မော်ကွန်းတို့၏ စာ‌ပေ၊ သုတ၊ ရသတို့ကို ညွှန်းဆိုထားသည်။ မော်ကွန်း ရှစ်စောင်ကို မော်ကွန်း စာဆိုအတ္ထုပ္ပတ္တိ၊ မော်ကွန်းနောက်ခံ၊ မော်ကွန်းဦးတည်ချက်၊ မော်ကွန်း အကြောင်းအရာ၊ မော်ကွန်း အရေးအဖွဲ့ဟူ၍ (၅)မျိုး ခေါင်းစီးတပ်ကာ ညွှန်းဆိုထားသည်။ အညွှန်းဆိုခံမော်ကွန်းများမှာ ပြည်စုန် မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊ တံတားဦးတည်မင်္ဂလာစေတီတော်မော်ကွန်း၊ ပုံတောင်နိုင် မော်ကွန်း၊ ရတနာပြောင် ဆင်တော်မော်ကွန်း၊ မိတ္ထီလာကန်တော်ဖွဲ့မော်ကွန်း၊ တရုတ်သံရောက် မော်ကွန်း၊ ရတနာနဒီဖွဲ့ မော်ကွန်းတို့ဖြစ်ကြသည်။ ညွှန်းဆိုရာတွင် ရသမြောက်သရုပ်ဖော်အဖွဲ့၊ စကားအသုံးအနှုန်း၊ ဂုဏ်အလင်္ကာ၊ မော်ကွန်းအချပိုဒ် ကာရန်ယူပုံ စသည်တို့ကို ခွဲခြားပြထားသည့် အတွက် မော်ကွန်းတို့၏ သ‌‌ဘောသဘာဝကို သိရှိခံစားနားလည်နိုင်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ